ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော့်အား ကိစ္စတစ်ခုအတွက် စေလွှတ်ခဲ့သည်။ ကျွန်တော်သည် ရေချိုးရန် တာဝန်ထိုက်ခဲ့ပြီး ရေကိုလည်း မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် တိရစ္ဆာန်များ လ…

