HadeethEnc · 1.34.0
ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော့်အား ကိစ္စတစ်ခုအတွက် စေလွှတ်ခဲ့သည်။ ကျွန်တော်သည် ရေချိုးရန် တာဝန်ထိုက်ခဲ့ပြီး ရေကိုလည်း မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် တိရစ္ဆာန်များ လူးလှိမ့်သကဲ့သို့ မြေပြင်ပေါ်တွင် လူးလှိမ့်ခဲ့ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)အား ကိစ္စအချို့အတွက် ခရီးတစ်ခုကို စေလွှတ်ခဲ့သည်။ သူသည် သံဝါသမှုကြောင့် သို့မဟုတ် ရာဂစိတ်ကြောင့် မနီထွက်သဖြင့် ဂျာနာဗသ် ရေချိုးရန် တာဝန်ထိုက်ခဲ့သည်။ ဂျနာဗသ်အတွက် ရေချိုးရန်လည်း ရေမရရှိခဲ့ပါ။ သူသည် ဂျနာဗသ်အတွက် သယမ္မုမ် လုပ်ရမည့် အမိန့်ကိုလည်း မသိခဲ့ပါ။ သယမ္မုမ်၏ အမိန့်ကိုဟဒတ်ဆ် အဆ်ွဂရ် (ဝူဿွူပျက်သည့် မသန့်ဖြစ်ခြင်း)အတွက်သာ ပြုလုပ်ရသည်ဟု သိထားသည်။ ထို့ကြောင့် သူသည် အိဂ်ျသိဟာဒ် ပြုလုပ်ခဲ့သည်။ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်သည့်ခါ ဝူဿွူပြုသည့် အစိတ်အပိုင်းအချို့ကို မြေပြင်ပေါ်မှသဲဖြင့် ပွတ်သပ်ရသကဲ့သို့ ဂျနာဗသ်ကြောင့် သယမ္မုမ်ပြုလုပ်ရာတွင်လည်း (ရေဖြင့် နှိုင်းယှဉ်ချိန်ထိုးကာ) ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးဖြင့် မဖြစ်မနေ ပွတ်သပ်ရမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို မြေပေါ်တွင် လူးလှိမ့်ခဲ့ပြီးနောက် ဆွလာသ်ဝတ်ပြုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိမိမှားသလား၊ မှန်သလားဆိုသည်ကို သိနိုင်ရန်အတွက် ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အပေါ့သွားခြင်းကဲ့သို့ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်ခြင်းနှင့် ဂျနာဗသ်ကဲ့သို ဟဒတ်ဆ် အက္ကဗရ် ဖြစ်ခြင်း နှစ်ခုစလုံးအတွက် သယမ္မုမ် ပြုလုပ်ရမည့် နည်းလမ်းကို ရှင်းပြတော်မူခဲ့သည်။ ထိုနည်းလမ်းးမှာ လက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်ပြီးနောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်ကာ မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်ခြင်းဖြစ်သည်။
03
Benefits
သယမ္မုမ် မပြုမီ ရေရှာဖွေရန် တာဝန်ရှိသည်။
ဂျာနာဗသ်ကြောင့် ကိုယ်မသန့်ဖြစ်သူသည် ရေမရရှိပါက သယမ္မုမ်ပြုလုပ်ရန် သတ်မှတ်ထားသည်။
ရေချိုးရန် တာဝန်ထိုက်သည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်သည် ဝူဿွူမရှိသည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်နှင့် အတူတူပင်ဖြစ်သည်။
ဂျာနာဗသ်ကြောင့် ကိုယ်မသန့်ဖြစ်သူသည် ရေမရရှိပါက သယမ္မုမ်ပြုလုပ်ရန် သတ်မှတ်ထားသည်။
ရေချိုးရန် တာဝန်ထိုက်သည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်သည် ဝူဿွူမရှိသည့်အတွက် ပြုလုပ်ရသည့် သယမ္မုမ်နှင့် အတူတူပင်ဖြစ်သည်။
Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares

