အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။
အဗူစအီးဒ် အလ်ခုဿ်ွရီ(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်သည်။ သာဝကကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူ ဂဇ်ဝဟ်စစ်ပွဲ ၁၂ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ သာဝကကြီးက အမိန့်ရှိသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ထံတော်ပါးမှ လေးခုသောအရာကို ကြ…

