အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) (ဤသို့) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆ…

