“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)နှင့်အတူ ခရီးတစ်ခုသွားစဉ် တမန်တော်မြတ်သည် သဘာဝလိုအပ်ချက်ကို ဖြေရှင်းရန် ခေတ္တထွက်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ငှက်မတစ်ကောင်နှင့် ၎င်း၏သားပေါက်နှစ်ကောင်ကို တွေ့…

