HadeethEnc · 1.34.0
“ ခွေးနှင့် ခေါင်းလောင်းအတူပါလာသည့် ခရီးသွားအုပ်စုအား ကောင်း ကင်တမန်များသည် အဖော်ဖြစ်မပြုလုပ်ပါ ”။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ ခွေးနှင့် ခေါင်းလောင်းအတူပါလာသည့် ခရီးသွားအုပ်စုအား ကောင်း
ကင်တမန်များသည် အဖော်ဖြစ်မပြုလုပ်ပါ ”။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အသိပေးမိန့်ကြားတော်မူသည်မှာ ခွေးကို အတူခေါ်သွား သောခရီးသည်အုပ်စု သို့မဟုတ် တိရစ္ဆာန်များတွင် ချိတ်ဆွဲရာ၌အသုံးပြုသည့် ခလောက်ပါရှိသော ခရီးသည်အုပ်စုတို့နှင့် အတူမလာအိကဟ် ကောင်းကင်တမန်များသည် လိုက်ပါခြင်းမပြုကြပေ။
03
Benefits
ခွေးမွေးခြင်းနှင့် ခွေးများကို အတူခေါ်ဆောင်သွားခြင်းမှ တားမြစ်ထားသည်။ သို့သော် အမဲလိုက်ခွေးနှင့် စောင့်ကြပ်ရေးခွေးများသည် ဤတားမြစ်ချက်တွင် မပါရှိပေ။
အတူလိုက်ပါခြင်းမပြုကြသည့် မလာအိကဟ် ကောင်းကင်တမန်တော်များမှာ ကရုဏာထားတတ်သော မလာအိကဟ်များကို ဆိုလိုပြီး (ဟဖဇွ(ဟ်))ထိန်းသိမ်းစောင့်ရှောက်ရသော ကောင်းကင်တမန်များသည် လူသားများနှင့်အတူခရီးသွားသည့်အခါနှင့် ခရီးမသွားဘဲမိမိအရပ်ဒေသ၌ရှိကြသည့်အခါတွင် အမြဲတမ်း အတူရှိကြပြီး မည့်သည့် အခါမျှ ခွဲခွါခြင်းမရှိကြပေ။
ခလောက်သံကို တားမြစ်ထားခြင်းမှာ ယင်းသည် ရှိုင်တွာန်၏ တူရိယာတစ်မျိုးဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းများ၏ ခေါင်းလောင်းသံနှင့် ဆင်တူသောကြောင့် ဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးသည် မလာအိကဟ် ကောင်းကင်တမန်များ မိမိထံမှ ရှောင်ခွါသွားစေနိုင်သည့် အရာများမှ ရှောင်ကြဉ်ရန် အထူးဂရုပြုသင့်သည်။

Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares