افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#8345[صحيح]
HadeethEnc · 1.34.0

။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဒအ်ဝသ် (ဖိတ်ခေါ်‌ကျွေးမွေးမှု) တစ်ခုတွင် ပါဝင်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ကိုယ်‌တော်ကြိုက်နှစ်သက်‌
တော်မူသည့် (ဆိတ်၏) လက်ဖျံသားကို ဆက်သခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအသားကို တစ်ကိုက်ကိုက်၍ မိန့်ကြားတော်မူသည် - “ကိယာမတ်နေ့တွင် ကျွန်ုပ်သည် လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်မည်။ မည်သည့် အရာမှ ဖြစ်သည်ကို သင်တို့ သိကြပါသလား။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ပြောဆိုကြမည် - ‘အသင်တို့ ကြုံနေရသည့် ဘေးဒုက္ခကို အသင်တို့ မမြင်ကြ‌လေသလော။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတွင် အသင်တို့အတွက် ရှဖာအသ်(ကြားဝင်အသနားခံပေး) မည့်သူကို မရှာကြဘူးလော။ ထို့နောက် လူတို့သည် အချင်းချင်း ပြောဆိုကြမည် - ‘အသင်တို့၏ ဖခင်မှာအာဒမ် (အလိုင်ဟစ္စလာမ်) ဖြစ်သည်။ ထို့အခါ လူတို့သည် အာဒမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အာဒမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို အာဒမ်၊ အသင်သည် လူသားအားလုံး၏ ဖခင်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား မိမိ၏လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သင့်အတွင်း၌ မိမိ ထံမှဝိညာဉ်တော်ကို မှုတ်သွင်းခဲ့သည်။ မလာအိကဟ်ကောင်းကင်တမန်များအား အသင့်ကို စဂျ်ဒဟ်ဦးချရန် အမိန့်ပေး‌တော်မူခဲ့သောကြောင့် ၎င်းတို့သည် အသင့်အား စဂျ်ဒဟ်ဦးချခဲ့ကြသည်။ အသင့်အားဂျန္နသ်သုခဘုံတွင် နေထိုင်စေခဲ့သည်။ အသင်၏အရှင်
သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ ထိုအခါ အာဒမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ထို့အပြင် အရှင်မြတ်သည် ကျွန်ုပ်အား (အထူး) သစ်ပင်တစ်ပင် (မှ ဝေးစွာ နေရန်) တားမြစ်တော်မူခဲ့သော်လည်း ကျွန်ုပ်သည် အမိန့်ဖီဆန်ခဲ့မိပါသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ နူဟ် ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် နူဟ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က နူဟ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို - နူဟ် ၊ အသင်သည် ကမ္ဘာမြေသို့ စေလွှတ်ခံရသော ပထမဆုံး ရစူလ်တမန်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အလွန်ကျေးဇူးသိတတ်သော ကျေးကျွန်အဖြစ် အမည်ပေး‌ တော်မူခဲ့သည်။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အသင်သည် ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ ထိုအခါ နူဟ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ဧကန်စင်စစ် ကျွန်ုပ်အတွက် (အထူး) တောင်းဆုတစ်ခုပြုခွင့် ရှိခဲ့သည်။ ထိုတောင်းဆုကို ကျွန်ုပ်က မိမိအမျိုးသားတို့အပေါ် ပျက်စီးစေရန် သဘောဖြင့် တောင်းခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့သည် အီဗ်ရာဟီမ်ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အသင်သည် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူတို့အနက် အရှင်မြတ်၏ ခလီလ် (မိတ်‌ဆွေ)လည်း ဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏
အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် မုသားသုံးကြိမ် ပြောခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ မူဆာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် မူဆာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က မူဆာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို-မူဆာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များနှင့် မိမိနှင့်တိုက်ရိုက်စကားပြောခွင့်ဖြင့် အသင့်အား လူသားများအားလုံးထက် သာပိုမြင့်မြတ်စေတော်မူခဲ့သည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ မူဆာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် အသက်တစ်ခုကို သတ်ခဲ့မိသည်။ ယင်းအားသတ်ရန်အတွက် ကျွန်ုပ်အမိန့်ပေးတော်မူခြင်း မခံခဲ့ရပေ။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ အီစာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် အီစာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီစာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် ၊ ‘အို - အီစာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) နှုတ်ကပတ်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုနှုတ်ကပတ်တော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုနှုတ်ကပတ်တော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်တော်လည်း ဖြစ်ပါသည်။ ထို့ပြင် အသင်သည် ပုခက်အတွင်း၌လည်း လူတို့အား စကားပြောခဲ့ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီစာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ အီစာ (အလိုင်ဟစ္စလာမ်) သည် မိမိ၏ မည်သည့်အပြစ်ကိုမျှ ဖော်ပြခြင်းမပြုခဲ့ဘဲ (ဤသို့သာ ပြောမည်) ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့အားလုံး မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ သွားကြလော့။ ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်မှာ သူတို့သည် ငါကိုယ်တော့်ထံရောက်လာပြီး ပြောကြမည် - ‘အို -မုဟမ္မဒ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နောက်ဆုံးနဗီတမန်တော်လည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်၏ ယခင်က အပြစ်အားလုံးနှင့် နောင်ဖြစ်လာမည့် အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီးဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ထိုအခါ ငါကိုယ်တော်သည် ထွက်ခွာ၍ အရ်ရှ်ပလ္လင်တော် အောက်သို့လာပြီး ငါကိုယ်တော်၏
အရှင်အား စဂျ်ဒဟ်ဦးချမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်အလျင် မည်သူ့ကိုမျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း‌ ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူမည်။ ထို့နောက် အရှင်မြတ်က မိန့်ကြားတော်မူမည် - ‘အိုမုဟမ္မဒ်၊ သင်၏ဦးခေါင်းကို မော့လော့။ လိုရာဆုကို တောင်းလော့၊ အသင် ချီးမြှင့်ပေးသနားတော်မူခြင်းခံရမည်။ ရှဖာအသ်ကြားဝင်အသနားခံပေးလော့၊ အသင်၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် လက်ခံခြင်းခံရတော်မူမည်။ ထိုအခါ ငါကိုယ်တော်သည် ဦးခေါင်းကို မော့၍ လျှောက်ထားမည် - ‘အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ ထိုအခါ မိန့်ကြားခြင်းခံရမည် - ‘အိုမုဟမ္မဒ်၊ သင်၏အွမ္မသ်သားများအနက် စာရင်းစစ်ဆေးခြင်း မခံရမည့်သူများကို ဂျန္နတ်သုခဘုံ၏ ညာဘက်တံခါးမှ ဝင်ရောက်စေလော့။ ထိုသူတို့သည် ဂျန္နတ်သုခဘုံ၏ အခြားတံခါးများမှလည်း (ဝင်ရောက်ခွင့်ရှိသော) လူများနှင့် အတူရှိကြမည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည် - မုဟမ္မဒ်၏ အသက်ဝိညာဥ်ကို စိုးပိုင်‌တော်မူသော အရှင်၏ကစမ်၊ ဂျန္နတ်သုခဘုံ၏ တံခါးပေါက်နှစ်ခုကြား အကွာအဝေးသည် မက္ကာမြို့နှင့် ဟင်မ်ယရ်မြို့ (သို့မဟုတ်) မက္ကာမြို့နှင့် ဗဆွရာမြို့ကြား အကွာအဝေးနှင့် တူညီလိမ့်မည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ တပည့်သာဝကများနှင့်အတူ ဒအ်ဝသ် (ဖိတ်ခေါ်‌ကျွေးမွေးမှု) တစ်ခုတွင် ပါဝင်ခဲ့စဉ်၊ ကိုယ်တော့်ထံ ကိုယ်တော်အကြိုက်နှစ်သက်ဆုံး အသားဖြစ်သည့် ဆိတ်၏လက်ဖျံသားကို ဆက်သခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအသားကို မိမိသွားများ၏ အဖျားဖြင့်တစ်ကိုက်ကိုက်၍ စွဟာဗဟ်များအား မိန့်ကြားတော်မူသည်။ ကိယာမတ်နေ့၌ ငါကိုယ်တော်သည် လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်မည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားတော်မူသည်မှာ - "အဘယ်ကြောင့်ဖြစ်သည်ကို သင်တို့ သိကြပါသလား။ ကိယာမတ်နေ့တွင် လူသားအားလုံးအား ကျယ်ပြန့်ညီညာသည့် မြေပြင်တစ်ခုပေါ်တွင် စုရုံးစေမည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ ကြည့်ရှုသူများက ဝန်းရံကြည့်ရှုနေကြမည်။ ၎င်းတို့အပေါ် မည်သည့်အရာမျှ ဖုံးကွယ်နေမည်မဟုတ်ပေ။ မြေပြန့်ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှု‌ နေသူများမှ ကွယ်ဝှက်နိုင်မည်မဟုတ်၊ ၎င်းတို့အား မျက်စိဖြင့် ထိုးထွင်း မြင်နိုင်မည်။ ဆိုလိုသည်မှာ လူသားတစ်ဦးစကားပြောလျှင် နောက်ဆုံးလူအထိ ကြားရမည်၊ မျက်စိဖြင့် မြင်နိုင်မည်။ နေသည် ဖန်ဆင်းခံများအနီးသို့ တစ်မိုင်ခန့်အကွာအဝေးအထိ နီးကပ်လာမည်။ လူသားတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်။ ထို့ကြောင့် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်ထံ) ရှဖာအသ်ကြားဝင်အသနားခံပေးမှုဖြင့် လွှတ်မြောက်မှုရရန် တောင်းခံလာကြမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်ယုံကြည်သူများအား လူသားအားလုံး၏ဖခင် အာဒမ်(အလိုင်ဟိစ္စလာမ်)ထံသို့ သွားရန် အသိပေးတော်မူမည်။ ထို့ကြောင့် ၎င်းတို့သည် အာဒမ်(အလိုင်ဟိစ္စလာမ်)ထံသို့ လာရောက်၍ ၎င်း၏ ထူးကဲမြင့်မြတ်မှုများကို ပြောဆိုတင်ပြကြမည်။ ဤသို့ပြုလုပ်ခြင်းမှာ ၎င်းသည် မိမိတို့အတွက် အလ္လာဟ်အရှင်မြတ်ထံ ရှဖာအသ်ကြားဝင်အသနားခံပေးရန်အတွက် ဖြစ်သည်။ ၎င်းတို့က ဤသို့ပြောကြမည်- ‘အို အာဒမ်၊ အသင်သည် လူသားအားလုံး၏ ဖခင်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား မိမိ၏လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ မိမိ၏ မလာအိကဟ်ကောင်းကင်တမန်များအား အသင့်ကို စဂျ်ဒဟ်ဦးချစေခဲ့သည်။ အရာအားလုံး၏အမည်များကို သင်ပို့ချပေးခဲ့ကာ၊ သင့်အထဲ၌ မိမိထံမှဝိညာဉ်တော်ကို မှုတ်သွင်းခဲ့သည်။ ထိုအခါ အာဒမ်(အလိုင်ဟိစ္စလာမ်)က ဤသို့အကြောင်းပြချက်ပေး၍ ပြောဆိုရှင်းပြမည်- ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ထို့နောက် ၎င်းသည် မိမိ၏အပြစ်ကို ဖော်ပြမည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်က သစ်ပင်တစ်ပင်(၏ အသီးကို) မစားရန် ၎င်းအား တားမြစ်ခဲ့သော်လည်း စားခဲ့မိခြင်းပင်ဖြစ်သည်။ ထို့နောက် အာဒမ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ‌ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) နူဟ် ထံသို့ သွားကြပါ။ ထိုအခါ ၎င်းတို့သည် နူဟ်(အလိုင်ဟိစ္စလာမ်)ထံသို့ ရောက်လာကြမည်။ သူတို့က နူဟ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို - နူဟ် ၊ အသင်သည် ကမ္ဘာမြေသို့ စေလွှတ်ခံရသော ပထမဆုံး ရစူလ်တမန်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အလွန်ကျေးဇူးသိတတ်သော ကျေးကျွန်
အဖြစ်အမည်ပေး‌
တော်မူခဲ့သည်။ (သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ ကြားဝင်အသနားခံ‌ပေးပါဟု ပြောကြမည်။) သို့ရာတွင် နူဟ်(အလိုင်ဟိစ္စလာမ်)က ဤသို့အကြောင်းပြချက်ပေးမည်- ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ဧကန်စင်စစ် ၎င်းအတွက် (အထူး) တောင်းဆုတစ်ခုပြုခွင့် ရှိခဲ့သည်။ ထိုတောင်းဆုကို ၎င်းက မိမိအမျိုးသားတို့အပေါ် ပျက်စီးစေရန် သဘောဖြင့် တောင်းခဲ့မိသည်။ ထို့နောက် နူဟ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ‌ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) အစ်ဗ်ရာဟီမ် ထံသို့ သွားကြပါ။ ထို့နောက် ၎င်းတို့သည် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)ထံသို့ ရောက်လာကြမည်။ သူတို့က အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အသင်သည် ကမ္ဘာမြေပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ခလီလ် (မိတ်‌ဆွေ) ဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးပါ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏
အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် မုသားသုံးကြိမ် ပြောခဲ့မိသည်။ ယင်းတို့မှာ-
၁။ "ကျွန်ုပ် နေမကောင်းပါ" ဟု ပြောဆိုခဲ့ခြင်း။
၂။ "ဤအရာကို ၎င်းတို့အနက် အကြီးဆုံးသူပင် ပြုလုပ်ခဲ့သည်" ဟု ပြောခဲ့ခြင်း။
၃။ "မိမိ၏ဇနီး ဆာရဟ်ကို "သူ့အား ကျွန်ုပ်သည် သင်၏ မောင်ဖြစ်ကြောင်း ပြောလော့၊ ဤသို့ဆိုလျှင် သူ၏ ဒဏ်မှ လွတ်မည်" ဟု ညွှန်ကြားခဲ့ခြင်း တို့ဖြစ်သည်။ အမှန်စင်စစ် ဤစကားသုံးခွန်းသည် ဥပစာစကား (သွယ်ဝိုက်ပြောဆိုခြင်း)သက်သက်သာ ဖြစ်သော်လည်း ၎င်း၏ပုံသဏ္ဍာန်သည် မုသား၏
ပုံသဏ္ဍာန်ဖြစ်နေသောကြောင့် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)သည် ထိုကိစ္စနှင့်ပတ်သက်၍ မိမိကိုယ်ကို ကြားဝင်အသနားခံပေးရန် မထိုက်တန်ဟု ယုံကြည်ကာ ကြောက်ရွံ့တုန်လှုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်အား အသိဆုံး၊ အရှင်မြတ်နှင့်အနီးကပ်ဆုံးဖြစ်သူသည် အရှင်မြတ်၏ အကြောက်တရားအရှိဆုံးသူလည်းဖြစ်သည်။ ထို့နောက် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ‌ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) မူဆာ ထံသို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် မူဆာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က မူဆာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို-မူဆာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များနှင့် မိမိနှင့်တိုက်ရိုက်စကားပြောခွင့်ဖြင့် အသင့်အား လူသားများအားလုံးထက် သာပိုမြင့်မြတ်စေတော်မူခဲ့သည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ မူဆာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် အသက်တစ်ခုကို သတ်ခဲ့မိသည်။ ယင်းအားသတ်ရန်အတွက် ကျွန်ုပ်အမိန့်ပေးတော်မူခြင်း မခံခဲ့ရပေ။ ထို့နောက် မူဆာ(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ‌ပေးထိုက်ပါသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်)အီစာထံသို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် အီစာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီစာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် ၊ ‘အို - အီစာ၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) နှုတ်ကပတ်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုနှုတ်ကပတ်တော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုနှုတ်ကပတ်တော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်တော်လည်း ဖြစ်ပါသည်။ ထို့ပြင် အသင်သည် ကလေးဘဝကပင် ပုခက်အတွင်း၌ လူတို့အား စကားပြောခဲ့ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီစာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ အီစာ (အလိုင်ဟစ္စလာမ်) သည် မိမိ၏ မည်သည့်အပြစ်ကိုမျှ ဖော်ပြခြင်းမပြုခဲ့ဘဲ (ဤသို့သာ ပြောမည်) ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ‌ပေးထိုက်ပါသည်။ အသင်တို့သည် အ
ခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့အား
လုံး မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ
သို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ ရောက်လာကြပြီး ဤသို့လျှောက်ထားကြမည်။‘အို -မုဟမ္မဒ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နောက်ဆုံးနဗီတမန်တော်လည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်၏ ယခင်က အပြစ်အားလုံးနှင့် နောင်ဖြစ်လာမည့် အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီးဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံ‌ပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို တွေ့မြင်ခြင်းမရှိပါလေသလော။ ထိုအခါ ငါကိုယ်တော်သည် ထွက်ခွာ၍ အရ်ရှ်ပလ္လင်တော် အောက်သို့လာပြီး ငါကိုယ်တော်၏
အရှင်အား စဂျ်ဒဟ်ဦးချမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်အလျင် မည်သူ့ကိုမျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း‌ ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူမည်။ ထို့နောက် အရှင်မြတ်က မိန့်ကြားတော်မူမည် - ‘အိုမုဟမ္မဒ်၊ သင်၏ဦးခေါင်းကို မော့လော့။ လိုရာဆုကို တောင်းလော့၊ အသင် ချီးမြှင့်ပေးသနားတော်မူခြင်းခံရမည်။ ရှဖာအသ်ကြားဝင်အသနားခံပေးလော့၊ အသင်၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် လက်ခံခြင်းခံရတော်မူမည်။ ထိုအခါ ငါကိုယ်တော်သည် ဦးခေါင်းကို မော့၍ လျှောက်ထားမည် - ‘အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ သို့ဖြစ်၍ ကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုမှာ လက်ခံခြင်းခံရပေမည်။ ထို့နောက် ကိုယ်တော့်အား မိန့်ကြားမည်မှာ - ‘အိုမုဟမ္မဒ်၊ သင်၏အွမ္မသ်သားများအနက် စာရင်းစစ်ဆေးခြင်း မခံရမည့်သူများကို ဂျန္နတ်သုခဘုံ၏ ညာဘက်တံခါးမှ ဝင်ရောက်စေလော့။ ထိုသူတို့သည် ဂျန္နတ်သုခဘုံ၏ အခြားတံခါးများမှလည်း (ဝင်ရောက်ခွင့်ရှိသော) လူများနှင့် အတူရှိကြမည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည် - မုဟမ္မဒ်၏ အသက်ဝိညာဥ်ကို စိုးပိုင်‌တော်မူသော အရှင်၏ကစမ်၊ ဂျန္နတ်သုခဘုံ၏ တံခါးပေါက်နှစ်ခုကြား အကွာအဝေးသည် မက္ကာမြို့နှင့် ယီမင်နိုင်ငံရှိ စွန်အာအ််မြို့ (သို့မဟုတ်) မက္ကဟ်နှင့် ရှာမ်ဒေသရှိ ဗုစ်ရာမြို့ (ဟူရန်ဒေသရှိ မြို့တစ်မြို့)ကြား အကွာအဝေးနှင့် တူညီလိမ့်မည်။
03

Benefits

၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရိုကျိုးနှိမ့်ချမှု၊ ဒအ်ဝသ်ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်းနှင့် မိမိ၏ တပည့်သာဝကအားလုံးနှင့်အတူ လက်ရည်တပြင်တည်း စားသောက်ခြင်း။
၂။ လူသားအားလုံးထက် ကျွန်ုပ်တို့၏နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သာလွန်မြင့်မြတ်ခြင်း။
၃။ ကာဿွီအိယွာဒ်က ဆိုသည်မှာ - "ဆိုင်ယိဒ် " (ခေါင်းဆောင်) ဆိုသည်မှာ မိမိ၏လူမျိုးစုကို ဦးဆောင်သူနှင့် ခက်ခဲသောအချိန်တွင် အားကိုးရာပုဂ္ဂိုလ် ဖြစ်သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လောကီဘဝနှင့် နောင်တမလွန်ဘဝ၌ လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ သို့ရာတွင် ဤဟဒီးဆ်၌ ကိယာမတ်နေ့ကို အထူးဖော်ပြထားခြင်းမှာ ထိုနေ့၏ ခေါင်းဆောင်မှုအဆင့်သည် အလွန်မြင့်မားပြီး လူသားအားလုံး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နာခံရမည့်အကြောင်း၊ အာဒမ်(အလိုင်ဟိစ္စလာမ်)နှင့် သားစဉ်မြေးဆက်အားလုံးပင် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အလံတော်အောက်တွင် ရှိနေမည့်အကြောင်း ဖော်ပြရန်အတွက် ဖြစ်သည်။
၄။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား (ရှဖာအသ်ကြားဝင်အသနားခံပေးခြင်းကို) အစပထမ၌ အာဒမ် (အလိုင်ဟိစ္စလာမ်)ထံ၌လည်းကောင်း၊ နောက်ပိုင်းတွင် နဗီတမန်တော်များထံ၌ တောင်းဆိုရန် အရင်စေခိုင်းပြီး၊ ကျွန်ုပ်တို့၏နဗီတမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ အရင်ဆုံး တောင်းဆိုရန် စေခိုင်းခြင်း မပြုရခြင်း၏ ဟိက်မသ်ဉာဏ်တော်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သာလွန်မြင့်မြတ်ခြင်းကို ထင်ရှားစေရန်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဆင့်အတန်းအမြင့်ဆုံးနှင့် အလ္လာဟ်အရှင်မြတ်၏ အနီးကပ်ဆုံးဖြစ်သောကြောင့်၊ နောက်ဆုံး၌သာ လူသားတို့အား ထိုတမန်တော်မြတ်ထံ လာရောက်တောင်းဆိုရန် ညွှန်ကြားခြင်းဖြစ်သည်။
၅။ တစ်စုံတစ်ဦးထံမှ အကူအညီ တောင်းခံလိုသူသည် လိုအပ်ချက်ကို တောင်းခံခြင်းမပြုမီ၊ မိမိတောင်းခံမည်သူ့အား အကောင်းဆုံးစကားဖြင့် ချီးကျူးဂုဏ်ပြု၍ စတင်သင့်သည်၊ သို့မှသာ မိမိလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပိုမိုနီးစပ်နိုင်မည် ဖြစ်သည်။
၆။ တာဝန်ယူ၍ မစွမ်းဆောင်နိုင်သော ကိစ္စရပ်အတွက် တောင်းခံခြင်းခံရသူသည် - လက်ခံနိုင်ဖွယ်ရာ အကြောင်းပြချက်ပေး၍ ငြင်းပယ်ခွင့်ရှိပြီး၊ ထိုကိစ္စအတွက် ပို၍စွမ်းဆောင်နိုင်သူထံ လမ်းညွှန်ပေးခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။
၇။ ကိယာမတ်နေ့တွင် လူသားများအပေါ် မဟ်ရှရ် (စုရုံးရာစခန်း)၏ အလွန်ကြောက်မက်ဖွယ်ရာကောင်းမှုကို ဖော်ပြခြင်း။
၈။ နဗီတမန်တော်များ၏ ရိုကျိုးနှိမ့်ချမှု - သူတို့သည် မိမိတို့၏အတိတ်က လုပ်ဆောင်ချက်များကို သတိရကာ၊ ထိုကြောက်မက်ဖွယ်ရာ အခြေအနေနှင့် နှိုင်းယှဉ်ပါက မိမိတို့မှာ မည်မျှသေးငယ်သည်ကို ခံစားသိရှိကြခြင်း။
၉။ ကိယာမတ်နေ့တွင် အကြီးမြတ်ဆုံးအဆင့် 'ရှဖာအသ်' ကို အတည်ပြုခြင်း၊ ယင်းသည် အဖန်ဆင်းခံများအားလုံးအကြား (အပြစ်ဒဏ်မှ) ဆုံးဖြတ်ချက်ချပေးရန် အတွက်ဖြစ်သည်။
၁၀။ ရစူလုလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် 'ဝစီလာ' နှင့် 'မကာမေမဟ်မူဒ်' ကို အတည်ပြုခြင်း။
၁၁။ အလ္လာဟ်အရှင်မြတ်အတွက် ချီးမွမ်းခြင်းသည် အဆုံးအကန့်အသတ် မရှိပေ၊ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ထို‌နေရာ၌ မိမိရစူလ်တမန်တော်အား ယခင်က မည်သူ့အတွက်မျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း‌ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူခဲ့သည်။
၁၂။ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အွမ္မသ်နောက်လိုက်သားများသည် အကောင်းဆုံးသောအွမ္မသ်နောက်လိုက်သားများဖြစ်ကြောင်း ဖော်ပြထားခြင်း၊ ၎င်းတို့အတွက် ဂျန္နသ်သို့ ဝင်ရောက်ရာတွင် သီးခြားဂုဏ်ထူးများ ရှိပြီး၊ ဆိုလိုသည်မှာ ၎င်းတို့အနက် စာရင်းစစ်‌ဆေးမေးမြန်းခြင်းမခံရသူများသည် သီးသန့်တံခါးမှတစ်ဆင့် ဝင်ရောက်ကြမည်ဖြစ်ပြီး၊ ကျန်တံခါးများမှလည်း အခြားသူများနှင့်အတူ ဝင်ရောက်ခွင့်ရရှိကြမည် ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...