အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကိုချီးမြှင့်တော်မူပေမည်။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။
Explanation
Benefits
ဂျန္နသ်သုခဘုံသားတို့အား အလ္လာဟ်အရှင်မြတ် ကျေနပ်သွားပြီဖြစ်ကြောင်း အရှင်မြတ်ထံတော်မှသတင်းကောင်းပါရှိပြီး အရှင်မြတ်သည် သူတို့အားကျေနပ်သွားပြီဖြစ်ရာ မည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။
အရှင်မြတ်သည် မည်သည့်အဖန်ဆင်းခံကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးတိုအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်ဟု စကားတစ်မျိုးကိုသာ အားလုံးကဖြေကြားခြင်းကို ကြည့်ခြင်းဖြင့် ဂျန္နသ်၌ရှိသောသူများသည် အဆင့်အတန်းမတူသော်လည်း မိမိရှိနေသည့်အခြေအနေကို မိမိကြေနပ်ကြောင်းသိရှိရပေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

