အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ် ဗင်န် အိုကိုင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
Explanation
Benefits
အရေးကိစ္စတိုင်း၌ အလ္လာဟ်အရှင်မြတ်နှင့်သာ အချိတ်အဆက်ထားရန် တာဝန်ရှိသည်။
(ရှိရ်က်)အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၏ ဆိုးကျိုးနှင့် ၎င်း၏ ဆိုးရွားသော နောက်ဆုံးရလဒ်ကို တင်ပြထားသည်။
လုပ်ရပ်အမျိုးအစားပေါ်မူတည်၍ အကျိုးရလဒ်ရရှိမည်ဖြစ်သည်။
လုပ်ရပ်တစ်ခု၏ ရလဒ်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လုပ်ဆောင်သူထံသို့ ပြန်လှည့်လာမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ကို ကျောခိုင်း၍ အခြားသူထံမှ ကောင်းကျိုး ရှာဖွေသူသည် အရှင်မြတ်၏ ကူညီစောင်မတော်မူခြင်းကိုရရှိမည် မဟုတ်ပေ။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

