افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66534[صحيح]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားတယ့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်ထံ နီးကပ်မှုရယူတယ်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားပြီဆိုလျှင် ငါအရှင်မြတ်ဟာ သူနားထောင်တယ့် နားဖြစ်သွားတယ်။ သူကြည့်တယ့် မျက်စိဖြစ်သွားတယ်။ သူကိုင်တယ့် လက်ဖြစ်သွားတယ်။ သူလျှောက်တယ့် ခြေထောက်ဖြစ်သွားတယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ချီးမြှင့်ပေးကမ်းတော်မူမယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ခိုလှုံခွင့်ပေးတော်မူမည်ဖြစ်သည်။"
02

Explanation

ဟဒီးစ်ကုဒ်စီတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဆင့်ပြန်တင်ပြ‌ခဲ့သည်မှာ-
"အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်- 'မည်သူမဆို ငါအရှင်မြတ်၏ အချစ်တော်ဝလီများအနက်မှ တစ်ဦးဦးကို နှောင့်ယှက်ခြင်း၊ စိတ်ဆိုးဒေါသဖြစ်စေခြင်း သို့မဟုတ် မုန်းတီးခြင်းပြုလျှင် ငါအရှင်မြတ်သည် ထိုသူအား ရန်သူအဖြစ် ထုတ်ပြန်ကြေညာတော်မူမည်။'" ဝလီဆိုသည်မှာ- အီမာန် သက်ဝင်ယုံကြည်သူ သက္ကဝါတရားထားရှိသူပင်ဖြစ်သည်။ ဗန္ဒဟ်ကျေးကျွန်တွင် အီမာန်ယုံကြည်မှု နှင့် သက္ကဝါတရားမည်မျှရှိသည်ကို အခြေခံ၍ အလ္လာဟ်အရှင်မြတ်၏ ဝိလာယသ် ကို ရရှိမှုအဆင့်လည်း ကွဲပြားသည်။
မွတ်စ်လင်မ်တစ်ဦးသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံ ဖရဿ်ွတာဝန်များကို လိုက်နာခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းထက် ပိုမို၍နှစ်သက်ဖွယ်ရာ မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းဖြင့် မချဉ်းကပ်နိုင်ပေ။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် ဖရဿ်ွတာဝန်များနှင့်အတူ နဖိလ်အိဗာဒသ်များကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှုကို ရရှိသည်အထိ မိမိအရှင်ထံ ချဉ်းကပ်လျက်ရှိပါက အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းအား ချစ်ခင်နှစ်သက်တော်မူပါက ထိုအရှင်မြတ်သည် ၎င်း၏ အစိတ်အပိုင်းလေးမျိုး (မျက်စိ၊ နား၊ လက်၊ ခြေ) တွင် ဖြောင့်မတ်အောင်ပြုလုပ်ပေးတော်မူပေမည်။ အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။ အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။ အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။ အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။ ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွား‌ပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်‌ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။
03

Benefits

ဤဟဒီးဆ်တော်အား ဟဒီးဆ်ကုဒ်ဆီ သို့မဟုတ် ဟဒီးဆ်အိလာဟီ ဟုခေါ်ပြီး ယင်းဟဒီးဆ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဆင့်ပြန်ထားသည်။ ဟဒီးဆ်ကုဒ်ဆီ၏စာသားနှင့် အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှဖြစ်သည်။ သို့သော် အခြားအရာများထက် ထူးခြားနေသော ကုရ်အာန်၏ဝိသေသများသည် ဟဒီးဆ်ကုဒ်ဆီ၌မပါရှိပေ။ ကုရ်အာန်၏ထူးခြားမှုများမှာ ကုရ်အာန်ကျမ်းမြတ်အား သိလာဝသ်လုပ်ခြင်းသည် အိဗာဒသ်ဖြစ်ပြီး ယင်းကျမ်းမြတ်အား ကိုင်တွယ်ရန် သွဟာရသ်သန့်ပြန့်မှုရှိရန်လိုအပ်သည်။ ယင်းကျမ်းမြတ်တွင် ကျမ်း‌တော်လာအာယသ်‌တော်တစ်ပါးကဲ့သို့ အာယာသ်တော်တစ်ပါးဖန်တီး၍လာရောက်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ခြင်းလည်ပါရှိသည့်အပြင် မည်သည့်လူသားမျှစီးကုံးနိုင်စွမ်းမရှိသည့် လှပပြီးအဓိပ္ပါယ်လည်းပြည့်ဝသည့်သုတစာ‌ပေများ၊ ရသစာ‌ပေများဖြင့်ပြည့်စုံလှသည်။
အလ္လာဟ်အရှင်မြတ်၏အချစ်တော်များကို ဒုက္ခပေးခြင်းကို တားမြစ်ထားသည်။ သူတို့အား ချစ်ခင်ကြရန် တိုက်တွန်းထားသည်။ သူတို့မွန်မြတ်ကြောင်းကိုလည်း ထုတ်ဖော်ပြောရမည်။
အလ္လာဟ်အရှင်မြတ်၏ရန်သူများအား ရန်မူကြရန်အမိန့်ပေးထားပြီး သူတို့အားချစ်ခင်ခြင်းကို ဟရာမ်အဖြစ်သတ်မှတ်ထားကြသည်။
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏သာသနာ‌ တော်ကို မလိုက်နာပဲ အရှင့်အချစ်တော်ပါဟုကြွေးကြော်သူသည် လိမ်လည်ကြွေးကြော်သူဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏အချစ်တော်ကိုရရှိရန်မှာ ဝါဂျိဗ်တာဝန်များကို ကျင့်သုံးပြီး ဟရာမ်ကိစ္စရပ်များကို စွန့်လွှတ်ရမည်။
ဝါဂျိဗ်တာဝန်များကို ကျင့်သုံးပြီးနောက် နဖ်လ်အပိုပေးထားသော အိဗာဒသ်များကို ကျင့်သုံးခြင်းနှင့် ဟရာမ်ကိစ္စရပ်များကို စွန့်လွှတ်ခြင်းတို့သည် ဆုတောင်းပြည့်ရန်နှင့် အရှင်မြတ်၏ချစ်ခင်မှုကိုရရှိရန် အကြောင်းခံများအနက်မှဖြစ်သည်။
အရှင့်အချစ်တော်များ၏မွန်မြတ်ခြင်းနှင့် သူတို့၏အဆင့်အတန်းမြင့်မားမှုကို ညွှန်ပြထားပေသည်။

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...