افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66284[صحيح]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်− “လူသားသည် ငါအရှင်မြတ်အား ဒုက္ခပေးသည်။ သူသည် ခေတ်ကာလကို ဆဲဆိုမကောင်းပြော၏။ စင်စစ် ငါအရှင်မြတ်သည်ကား ခေတ်ကာလပင် ဖြစ်တော်မူ၏။ အရေးကိစ္စဟူသ‌ရွေ့သည် ငါအရှင်မြတ်၏လက်တော်၌ ရှိ၏။ နေ့နှင့်ညကိုလည်း ငါအရှင်မြတ်ကပင် လှည့် ပတ်‌စေတော်မူ၏။”

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်− “လူသားသည် ငါအရှင်မြတ်အား ဒုက္ခပေးသည်။ သူသည် ခေတ်ကာလကို ဆဲဆိုမကောင်းပြော၏။ စင်စစ် ငါအရှင်မြတ်သည်ကား ခေတ်ကာလပင် ဖြစ်တော်မူ၏။ အရေးကိစ္စဟူသ‌ရွေ့သည် ငါအရှင်မြတ်၏လက်တော်၌ ရှိ၏။ နေ့နှင့်ညကိုလည်း ငါအရှင်မြတ်ကပင် လှည့်
ပတ်‌စေတော်မူ၏။”
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးစ်ကွဒ်စီတွင် မိန့်ကြားတော်မူသည်− “"လူသားသည် ဘေးအန္တရာယ်များနှင့် မနှစ်မြို့ဖွယ်ရာများ ကျရောက်ချိန်တွင် အချိန်ကာလကို မကောင်းပြောဆိုကာ ကဲ့ရဲ့ရှုံ့ချခြင်းဖြင့် ငါအရှင်မြတ်အား ဒုက္ခပေးပြီး ငါအရှင်၏ဂုဏ်တော်ကို နှိမ့်ချသည်။ အဘယ်ကြောင့်ဆို‌သော် ထိုအရှင်မြတ်တစ်ပါးတည်းကသာ အရာခပ်သိမ်းကို စီမံခန့်ခွဲတော်မူသောအရှင်၊ ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို စီရင်ဖန်တီးတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် အချိန်ကာလကို မ‌ကောင်းပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ကို မ‌ကောင်းပြောဆိုခြင်းပင်ဖြစ်၏။ အချိန်ကာလသည် ထိန်းချုပ်ခြင်းခံထားရသောဖန်ဆင်းခံတစ်ခုမျှသာဖြစ်၍ ထိုအချိန်ကာလအတွင်း၌ ဖြစ်ပေါ်လာသော အဖြစ်အပျက်များသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
03

Benefits

ဤဟဒီးစ်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏အရှင်ထံမှ ဆင့်ပြန်တော်မူထားသော ဟဒီးစ်ကွဒ်စီ (သို့) အီလာဟီဟု ခေါ်ဆိုသော ဟဒီးစ်တော်အမျိုးအစားဖြစ်၏။ ၎င်းဟဒီးစ်ကွဒ်စီ၏ စကားလုံးနှင့် အနက်အဓိပ္ပါယ်ကား အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်သည်။ သို့ရာတွင် ဤဟဒီးစ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အခြားစကားရပ်များနှင့် ခြားနားစေသော လက္ခဏာများ၊ ဥပမာ- ၎င်းကို ရွတ်ဖတ်ခြင်းအားဖြင့် အိဗာဒသ်ပြုလုပ်ခြင်း၊ ၎င်းအတွက် ဝုဇူအ်ပြုရန် လိုအပ်ခြင်း၊ စိန်ခေါ်ခြင်းနှင့် အိအ်ဂျားဇ်(မတတ်စွမ်းနိုင်အောင် ပြုလုပ်ခြင်း) စသည်တို့ မပါဝင်ပေ။
ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ စကားနှင့်ယုံကြည်မှုတွင် ကျိုးနွံစွာ ကျင့်ကြံရမည်။
ကဿွာအ် (စီရင်ဆုံးဖြတ်ချက်) နှင့် ကဒရ် (သတ်မှတ်ပြဌာန်းချက်) တို့ကို သက်ဝင်ယုံကြည်ရန်နှင့် ဒုက္ခရောက်ချိန်တွင် စွဗရ်သည်းခံခြင်းပြုရန် အရေးကြီးသည်။
အဇာ (စိတ်ဒုက္ခပေးခြင်းသည်) ဿွရရ် (ထိခိုက်နစ်နာစေခြင်း)နှင့် မတူပေ။ လူသားသည် မကောင်းသောစကားကြားရခြင်း သို့မဟုတ် မြင်ရခြင်းဖြင့် စိတ်ဒုက္ခရောက်ရ၏။ သို့သော် ထိုအရာကြောင့် ထိခိုက်နစ်နာခြင်း မရှိပေ။ ထိုနည်းတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူကဲ့သို့ မနှစ်မြို့ဖွယ် အနံ့ကြောင့် စိတ်ဒုက္ခရောက်၏။ သို့သော် ယင်းကြောင့် ထိခိုက်နစ်နာခြင်း မရှိပေ။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များ၏ မကောင်းသောလုပ်ရပ်အချို့ကြောင့် စိတ်ဒုက္ခခံစားရတော်မူ၏။ သို့သော် ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်သည် ထိုအရာကြောင့် နစ်နာတော်မူခြင်း မရှိပေ။ ဟဒီးစ်ကွဒ်စီတော်တွင် အရှင်မြတ်က မိန့်ကြားတော်မူသည့်အတိုင်း− “အို ငါအရှင်မြတ်၏ ကျေးကျွန်တို့၊ အသင်တို့သည် ငါအရှင်မြတ်အား ဒုက္ခရောက်စေနိုင်စွမ်းမရှိကြသဖြင့် ငါအရှင့်ကို ဒုက္ခရောက်စေနိုင်မည် မဟုတ်ချေ။ ထို့အတူ သင်တို့သည် ငါအရှင်မြတ်အား အကျိုးပြုနိုင်စွမ်းမရှိကြသဖြင့် ငါအရှင့်ကို အကျိုးပြုနိုင်မည်လည်း မဟုတ်ချေ။”
ခေတ်ကာလကို မကောင်းပြောဆိုခြင်းနှင့် ကဲ့ရဲ့ခြင်းသည် သုံးမျိုးခွဲခြားနိုင်သည်− (၁) ခေတ်ကာလကို ၎င်းကိုယ်၌ကပင် ပြုလုပ်ဖန်တီးသူ၊ ခေတ်ကာလသည်ပင် အရာရာကို ကောင်းကျိုး၊ ဆိုးကျိုးသို့ လှည့်ပတ်‌စေသည်ဟု ယူဆကာ မကောင်းပြောဆိုခြင်း။ ဤသည်မှာ ကြီးလေးသောရှိရ်က် ဖြစ်၏။ အကြောင်းမှာ အလ္လာဟ်အရှင်နှင့်အတူ အခြားဖန်ဆင်းရှင်တစ်ပါးရှိသည်ဟု ယုံကြည်လိုက်ခြင်းနှင့် ဖြစ်ရပ်များကို ဖြစ်ပေါ်စေခြင်းအား အလ္လာဟ်အရှင်မှတစ်ပါး အခြားအရာဘက်သို့ သတ်မှတ်ခြင်းကြောင့်ဖြစ်၏။ (၂) ခေတ်ကာလကို ၎င်းကိုယ်၌ကပြုလုပ်သူဟု မယုံကြည်ဘဲ အလ္လာဟ်အရှင်သာ ပြုလုပ်တော်မူသည်ဟု ယုံကြည်သော်လည်း မိမိထံ၌ မနှစ်မြို့ဖွယ်ကိစ္စဖြစ်ပေါ်ရာ နေရာဖြစ်သောကြောင့် ၎င်းအား မကောင်းပြောဆိုခြင်း။ ဤသည် ဟရာမ်တားမြစ်ထား‌ သောအရာ ဖြစ်သည်။ (၃) ကဲ့ရဲ့ပြစ်တင်ခြင်းသဘောမပါဘဲ သတင်းပြောခြင်း သက်သက်ကို ရည်ရွယ်ခြင်း။ ဤသည်မှာ ခွင့်ပြုထားသော အရာဖြစ်၏။ ယင်းတွင် လူးသ်ွ(အလိုင်ဟိစ္စလာမ်) ၏စကားတော် {ထိုအခါ သူက ဤနေ့သည် အလွန်ခက်ခဲသောနေ့ဖြစ်သည်ဟု ပြောဆိုခဲ့၏။} ကုရ်အာန် ၁၁ : ၇၇

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...