အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့
Choose an available translation of this Hadeeth
Hadeeth text
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား၊ သေးငယ်သောအပြစ်များ၏ ဥပမာမှာ ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသောာ လူများနှင့် တူ၏။ ထိုအထဲမှ တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ နောက်တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ ဤသို့ဖြင့် သူတို့သည် (စုပေါင်း၍) မိမိတို့၏ မုန့်ကို ကျက်အောင်လုပ်နိုင်ကြ၏။ စင်စစ် အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာပင်၊ ၎င်းတို့သည် ကျူးလွန်သူအား ဖမ်းဆီးကိုင်တွယ်သောအခါ ဖျက်ဆီးပစ်တတ်သည်။"
Explanation
Benefits
အသေးအဖွဲဟု ထင်မှတ်ရသော အပြစ်ငယ်များမှ သတိပြုကြဉ်ရှောင်ရန်နှင့် ၎င်းတို့ကို ပပျောက်စေရန် အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းထားခြင်း။
“မုဟက်ကိရာသွဇ်ဇုနူဗ်” (အသေးစားဟုထင်မှတ်ရသောအပြစ်များ) သည် အောက်ပါအဓိပ္ပါယ်များကို ဆောင်နိုင်သည်- ၁။ လူသားသည် အကြင်အပြစ်ကို သေးငယ်သည်ဟု ထင်မှတ်ကာ ကျူးလွန်နေသော်လည်း အလ္လာဟ်အရှင်မြတ်၏ထံ၌ ၎င်းသည် ကြီးမားသောအပြစ်ဖြစ်နေခြင်း။ ၂။ လူသားသည် အပြစ်ငယ်များကို ဂရုမစိုက်ဘဲ၊ ၎င်းတို့မှ နောင်တမရဘဲ ကျူးလွန်ခြင်း။ ထို့နောက် ထိုအပြစ်ငယ်များ စုပေါင်းသွားကာ နောက်ဆုံးတွင် ၎င်းအား ဖျက်ဆီးပစ်ခြင်း။ ၃။ လူသားသည် အပြစ်ငယ်များကို ဂရုမစိုက်ဘဲ ကျူးလွန်ခြင်း။ ယင်းတို့သည် သူ့အား ဖျက်ဆီးတတ်သော အပြစ်ကြီးများသို့ ကျရောက်စေရန် အကြောင်းခံဖြစ်သွားခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

