သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့် တစ်စုံ တစ်ရာကိုမျှ ရှိရ်ရ်ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ ခိုးဝှက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ဇိနာ(အိမ်ထောင်ရေးဖောက်ပြန်မှု) ကျူးလွန်မည် မဟုတ်ကြောင်း
Choose an available translation of this Hadeeth
Hadeeth text
အုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းသည် ဗဒရ်စစ်ပွဲတွင် ပါဝင်ခဲ့ပြီး၊ အက်ဗဟ်ည(တွင် ဗိုင်အသ်သစ္စာခံယူခြင်း၌ ပါဝင်ခဲ့သည့် ) ကိုယ်စားလှယ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးလည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အနီးတစ်ဝိုက်တွင် မိမိ၏ တပည့်သာဝကများထဲမှ အုပ်စုတစ်စုရှိနေစဉ် မိန့်ကြားတော်မူခဲ့သည်- "သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့် တစ်စုံ တစ်ရာကိုမျှ ရှိရ်ရ်ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ ခိုးဝှက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ဇိနာ(အိမ်ထောင်ရေးဖောက်ပြန်မှု) ကျူးလွန်မည် မဟုတ်ကြောင်း၊ မိမိတို့၏ သားသမီးများကိုသတ်ဖြတ်ခြင်း ပြုမည်မဟုတ်ကြောင်း၊ မိမိတို့ကိုယ်တိုင်စွပ်စွဲလုပ်ကြံဖန်တီးထားသော မုသားလိမ်လည်မှုတစ်ခုကို ယူဆောင်လာကြမည် မဟုတ်ကြောင်း၊ ကောင်းသည့်ကိစ္စရပ်တွင် အမိန့်ဖီဆန်ကြမည် မဟုတ်ကြောင်း ငါကိုယ်တော်အား အသင်တို့ ဗိုင်အသ်ကတိသစ္စာပြုကြလော့။ သင်တို့ထဲမှ မည်သူမဆို (ထိုဗိုင်အသ်ကတိသစ္စာကို) စောင့်ထိန်းပါက သူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တာဝန်ရှိသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ် ဖြစ်သည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီးနောက် အလ္လာဟ်အရှင်မြတ်က သူ့အပြစ်ကို ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏ အရေးကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိသွားသည်။ အရှင်မြတ် အလိုရှိတော်မူလျှင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်၊ အရှင်မြတ် အလိုရှိတော်မူလျှင်လည်း သူ့ကို အပြစ်ဒဏ်စီရင်တော်မူမည်။" ထို့နောက် ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။
Explanation
Benefits
၂။ အိမာမ်ဆင်န်ဒီက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ “မအ်ရူဖ် (ကောင်းသည့်ကိစ္စ)ဆိုသော မိန့်ကြားချက်နှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်မှာ- တမန်တော်မြတ်၏ အမိန့်ဟူသမျှသည် မအ်ရူဖ် (ကောင်းသည့်ကိစ္စ) သာလျှင်ဖြစ်ပြီး ၎င်း၏ ဆန့်ကျင်ဘက်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့ဆိုလျှင် “မအ်ရူဖ် (ကောင်းသည့်ကိစ္စ၌)”ဟု မိန့်ထားခြင်း၏ ရည်ရွယ် ချက်မှာ နာခံရန်တာဝန်ရှိကြောင်း အကြောင်းပြချက်ကို သတိပေးရန်ဖြစ်သည်။ ဆိုလိုသည်မှာ ကောင်းမှုမဟုတ်သောအရာတွင် ဖန်ဆင်းခံ၏ အမိန့်ကို လုံးဝနာခံခွင့်မရှိကြောင်း၊ ဗိုင်အသ်သစ္စာခံရာတွင် အမိန့်နာခံခြင်းသည် ကောင်းသည့်ကိစ္စရပ်၌သာဖြစ်ရမည် ဖြစ်ကြောင်း သတိပေးရန်ဖြစ်သည်။
၃။ မိုဟမ္မဒ် ဗင်န် အစ္စမာအီလ် အသ်သိုင်မီနှင့် အခြားပညာရှင်များက ဆိုသည်မှာ- “သားသမီးများကို သတ်ခြင်း” ဟူသော အချက်ကို သီးသန့်ဖော်ပြရခြင်းမှာ ၎င်းသည် သတ်ဖြတ်ခြင်းနှင့် ဆွေမျိုးတော်စပ်မှု ကို ဖြတ်တောက်ခြင်း ဖြစ်သောကြောင့် တားမြစ်ရန် ပိုမိုအရေးကြီးသောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုခေတ်က အာရဗ်လူမျိုးများတွင် ဆင်းရဲမှာကိုကြောက်၍ သမီးမိန်းကလေးများကို အရှင်လတ်လတ်မြေမြှုပ်သတ်ခြင်းနှင့် သားများကို သတ်ခြင်းသည် သာမာန်ကိစ္စရပ်တစ်ခုပုံစံသာလျှင်ဖြစ်နေသောကြောင့် ၎င်းတို့အား အထူးသတိပေးခြင်း ဖြစ်သည်။ သို့မဟုတ် သားသမီးများသည် မိမိတို့ကိုယ်ကို မကာကွယ်နိုင်သော အခြေအနေ၌ ရှိနေသောကြောင့်ဖြစ်သည်။
၄။ အိမာမ်နဝဝီက ဆိုသည်မှာ- ဤဟဒီးစ်၏ ယေဘုယျအဓိပ္ပါယ်အား အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြား တစ်စုံ တစ်ရာကို) တွဲဖက်ကိုးကွယ်မှုကို လွတ်ငြိမ်း ချမ်းသာခွင့် လုံးဝပေးတော်မူမည် မဟုတ်ပေ။” ဟူသော အာယတ်တော်ဖြင့် ကန့်သတ်ထားသည်။ ထို့ကြောင့် မုရ်သဒ်(သာသနာမှ ထွက်သွားသူ)သည် ၎င်း၏အယူဖောက်ပြန်မှုအတွက် သေဒဏ်ခံရသော်လည်း ထိုသေဒဏ်သည် သူ့အတွက် ကဖ်ဖာရဟ် (အပြစ်ပယ်ဖျက်စေသည့်အရာ) မဖြစ်နိုင်ပေ။
၅။ ကာဿွီအေယာဿ်ွက ဆိုသည်မှာ- ပညာရှင်အများစုက ဟဒ် (ပြစ်ဒဏ်ချမှတ်ခြင်း) များသည် (အပြစ်များအတွက်) ကဖ်ဖာရဟ်(အပြစ်ပယ်ဖျက်စေသည့်အရာ)များ ဖြစ်သည်ဟု ယူဆကြသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

