“ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်တော် လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ
Choose an available translation of this Hadeeth
Hadeeth text
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်တော်
လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထို့ပြင် ထိုသူသည် (ကိယာမသ်နေ့တွင်) ငါကိုယ်တော်
၏ (ကောင်စရ်) ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံဘဲ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော်
၏ (ကောင်စရ်) ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။"
Explanation
၏ကောင်စရ် ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။
Benefits
အမီရ်ခေါင်းဆောင်တစ်ဦးအား ၎င်း၏ မတရားမှု၌ ကူညီသူအတွက် ပြင်းထန်သောသတိပေးခြိမ်းခြောက်မှုရှိကြောင်း ဖော်ပြထားခြင်း။
ဟဒီးစ်တော်တွင်လာရှိသော ဤသတိပေးခြိမ်းခြောက်မှုသည် ထိုလုပ်ရပ်သည် ဟရာမ်တားမြစ်ထားပြီး၊ ကြီးလေးသောအပြစ်များထဲမှ တစ်ခုဖြစ်ကြောင်း ညွှန်ပြသည်။
ကောင်းမှုပြုခြင်းနှင့် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ခြင်းအပေါ် အချင်းချင်းကူညီ ရိုင်းပင်းရန်၊ မကောင်းမှုပြုခြင်းနှင့် မတရား ကျူးလွန်မှုတွင် အချင်းချင်းကူညီ ရိုင်းပင်းခြင်းမပြုရန် တိုက်တွန်းထားခြင်း။
ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ် ﷺ အတွက် ကောင်းရ်ရေကန်တော် ရှိကြောင်းနှင့် ကိုယ်တော်၏ အွမ်မသ်တော်များ ထိုရေကန်တော်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုထားခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

