افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65057[صحيح]
HadeethEnc · 1.34.0

ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အလ်အိရ်ဗာဿ်ွ ဗင်န်ဆာရိယဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့‌သောအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့ကြားတွင် မတ်တတ်ရပ်‌တော်မူပြီး စိတ်နှလုံးများကို ကြောက်ရွံ့စေကာ မျက်လုံးများမှ မျက်ရည်များစီးကျစေသည့်ဆုံးမစကားမျိုးကို ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား မှာတမ်းစကား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- « ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။ ထို့ပြင် အသင်တို့သည် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြပါ။ ဧကန်မုချ (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များအား စိတ်နှလုံးများ ကြောက်ရွံ့စေကာ မျက်လုံးများမှမျက်ရည်များ စီးကျစေသည့် ဆုံးမစကားမျိုး မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်၏ ဆုံးမစကားသည် အလွန်ထိရောက်မှုရှိသည်ကို မြင်တွေ့ရသည့်အတွက် ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်သည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်မရှိသည့်အခါ ၎င်းတို့စွဲမြဲစွာလိုက်နာကျင့်သုံးနိုင်ရန်အတွက် မှာတမ်းစကားမိန့်ကြားရန် တောင်းဆိုခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်ဆုံးမတော်မူသည်။ ဤသည် ဖရ်ဿ်ွမလုပ်မနေရတာဝန်များကို လိုက်နာကျင့်သုံးပြီး တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ခိုင်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်‌တော်က ခေါင်းဆောင်၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ အကယ်၍ ကျွန်တစ်ဦးအား သင်တို့အပေါ်၌ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်လျှင် သို့မဟုတ် ၎င်းက သင်တို့အ‌ပေါ် အုပ်ချုပ်လျှင်လည်း အမိန့်ကိုနာခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အနိမ့်ဆုံးအဆင့်ရှိသည့် ကျွန်တစ်ဦးသည် သင်တို့အပေါ်၌ ခေါင်းဆောင်ဖြစ်ခဲ့လျှင်လည်း ဖိသ်နဟ် ပြသနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည့်အတွက်‌ သင်တို့မောက်မာ၍ ရှောင်ဖယ်မနေဘဲ ထိုသူ၏အမိန့်ကိုနာခံရမည်ဖြစ်သည်။ ၎င်းနောက် ဆက်လက်မိန့်ကြားတော် မူသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (ငါကိုယ်တော် မရှိသည့်နောက်) သက်ရှိထင်ရှားရှိနေမည်ဆိုပါက မြောက်မြားစွာသော ကွဲလွဲမှုများကိုမြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်သည် ဤကွဲလွဲမှုများမှ လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တမန်တော်မြတ်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ် စားလှယ်များဖြစ်ကြသော အဗူဗက္ကရ် ဆွိဒ်ဒီက်၊ အုမရ် ဗင်န်ခသ်သွာဗ်၊ အွတ်စ်မာန်ဗင်န် အဖ္ဖာန်၊ အလီဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းတို့ကို အံသွားများဖြင့် ကိုက်ခြင်းဟူသည် စွန္နသ်လမ်းစဥ်ကိုဆုပ်ကိုင်ပြီး လိုက်နာကျင့်သုံးရန် ကြိုးစားခြင်းကိုဆိုလိုသည်။ ထို့ပြင် ကိုယ်တော်သည် သာသနာတွင် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းတော်မူသည် အဘယ့်ကြောင့်ဆိုသော် (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။
03

Benefits

စွန္နသ်ကို ဆုပ်ကိုင်ထားရန်နှင့် စွန္နသ်အပေါ်လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်း ဖေါ်ပြထားသည်။
တရားစကားများနှင့် စိတ်နှလုံးသားများ နူးညံ့ပျော့ပျောင်းခြင်းတို့ကို အလေးထားရမည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကွယ်လွန်ပြီးနောက် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသော ဖြောင့်မတ်မှန်ကန်သည့် ခလီဖဟ်ကြီးများဖြစ်သည့် အဗူဗက္ကရ်၊ အုမရ်၊ အွစ်မာန်၊ အလီ (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို နောက်လိုက်မှုပြုရန် အမိန့်ပေးထားသည်။
သာသနာတွင် တရားသစ်တီထွင်ခြင်းအား တားမြစ်ထားသည်။ ဧကန်မုချ တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်အမိန့်ဖီဆန်သည့်ကိစ္စမှလွဲ၍ အခြားကဏ္ဍများတွင် မုအ်မင်န်တို့၏အရေးကိစ္စများကို တာဝန်ယူဆောင်ရွက်သူ၏ အမိန့်ကိုနာခံရမည်။
အခြေအနေတိုင်း၊ အချိန်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်အပေါ် သက္ကဝါတရားထားရှိရန် အရေးကြီးကြောင်း ဖေါ်ပြထားသည်။
ဤအွမ္မသ်တွင် ကွဲလွဲမှုများ ရှိနေမည်ဖြစ်သည်။ ထိုသို့ကွဲလဲမှုများ ဖြစ်ပေါ်လာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအုရ် ရာရှိဒီးန်တို့၏ စွန္နသ်လမ်းစဉ်ဘက်သို့ ပြန်လှည့်ရမည်ဖြစ်သည်။

Attribution

[رواه أبو داود والترمذي وابن ماجه وأحمد]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...