အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။
Choose an available translation of this Hadeeth
Hadeeth text
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။ သိုဖြစ်ရာ ထိုသူသည် ယာဘက်ကိုကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(ကောင်းမှုကိုသာ) တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(မကောင်းမှုကိုသာ) တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော ကောင်းမှုနှင့်ပင်ဖြစ်ပါစေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ယူကြကုန်။
Explanation
Benefits
အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် လူသားနှင့်နီးကပ်စွာရှိမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့်လူသား၏ကြားတွင် အကာအကွယ်လည်းရှိမည်မဟုတ်၊ ကြားခံဆက်သွယ်ပေးမည့်သူလည်းမရှိ၊ ဘာသာပြန်လည်းရှိမည်မဟုတ်ပေ။ ထိုကြောင့် မုအ်မင်န်သည် မိမိအရှင်မြတ်၏အမိန့်အား ဖီဆန်ခြင်းမှ ရှောင်ကြဉ်ရမည်။
လူသားသည် မိမိလှူဒါန်းလိုက်သော အလှူဒါနကို နည်းသည်ဖြစ်စေ အထင်မသေးသင့်ပါ။ အကြောင်းမှာ ယင်းအလှူဒါနသည် ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ပေးမည့်အရာဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

