အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။
Choose an available translation of this Hadeeth
Hadeeth text
စအ်ဒ် ဗင်န် အုဗာဒဟ် ( ရဿွိယလ္လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည်။ "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။
Explanation
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စအ်ဒ်အား ရေလှူဒါန်းရန် အကြံပေးတော်မူခြင်းမှာ ရေသည် သာသနာရေးနှင့် လောကီရေးရာ ကိစ္စရပ်များတွင် အကျိုးကျေးဇူးအများဆုံး၊ အကျယ်ပြန့်ဆုံးဖြစ်ပြီး ပူပြင်းခြောက်သွေ့မှု၊ ရေအခက်အခဲနှင့် ရေရှားပါးမှုတို့ကို ခံစားနေရသောကြောင့် ဖြစ်သည်။
ကွယ်လွန်သူများထံ စွဒကဟ်အလှူဒါနာများ၏ အကျိုးကျေးဇူးများ ရောက်ရှိကြောင်း ညွှန်ပြထားခြင်း။
စအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု) ၏ မိခင်အပေါ် ကျေးဇူးသိတတ်မှုနှင့် ကောင်းမှုပြုခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

