ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
Explanation
အခြားသူအား လက်စားချေနိုင်စွမ်း၊ အစားယူနိုင်စွမ်းရှိလျက်နှင့် ခွင့်လွှတ်လိုက်ခြင်းသည် အင်အားနှင့် ဂုဏ်သိက္ခာကို ပို၍တိုးပွားစေသည်။
အကြင်သူသည် အခြားသူကို ကြောက်ရွံသည့်အတွက်ကြောင့်လည်း မဟုတ်၊ မိမိအား နူးညံ့သိမ့်မွေ့စွာ ဆက်ဆံသည့်အတွက်ကြောင့်လည်းမဟုတ်၊ ၎င်းထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးသည့်အတွက်ကြောင့်လည်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချမည်ဆိုပါက အဆင့်အတန်းမြင့်မားခြင်းနှင့် ဂုဏ်သိက္ခာကြီးမြတ်ခြင်းတို့ကို အစားပြန်လည်ရရှိမည်ဖြစ်သည်။
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

