افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65255[قال النووي: حديث حسن]
HadeethEnc · 1.34.0

လူတစ်ဦးရှိ အစ္စလာမ်သာသနာတော်၏ လှပတင့်တယ်ခြင်းများအနက် တစ်ခုမှာ အချည်းနှီး၊အကျိုးမဲ့ကိစ္စများကို စွန့်လွှတ်ခြင်းဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ လူတစ်ဦးရှိ အစ္စလာမ်သာသနာတော်၏ လှပတင့်တယ်ခြင်းများအနက် တစ်ခုမှာ အချည်းနှီး၊အကျိုးမဲ့ကိစ္စများကို စွန့်လွှတ်ခြင်းဖြစ်သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) ကရှင်းလင်းတင်ပြတော်မူခဲ့သည်မှာ - မုစ်လင်မ်တစ်ဦး၏ အစ္စလာမ်သာသနာတော်၏ လှပပြည့်စုံမှုနှင့် သူ၏အီမာန်သက်ဝင်ယုံကြည်မှု၏ ပြည့်စုံမှုမှာ ၎င်းအတွက် အရေးမကြီးသော၊ ၎င်းနှင့်မသက်ဆိုင်သော၊ ၎င်းအတွက် အကျိုးမရှိသော စကားများနှင့် အပြုအမူများကို စွန့်လွှတ်ခြင်း သို့တည်းမဟုတ် သာသနာနှင့် လောကီအရေး ကိစ္စရပ်များမှ ၎င်းအတွက် အကျိုးမရှိသော အရာများကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအဖို့အရေးမကြီးသောအရာများကို လုံးပန်းခြင်းသည် ၎င်းအတွက် အရေးကြီးသောအရာများမှ ဝေးကွာစေနိုင်ကာ ရှောင်ကြဉ်အပ်သောအရာများသို့ ရောက်ရှိစေနိုင်သောကြောင့်တည်း။ ဧကန်မုချ၊ လူသားသည် ကိယာမသ်နေ့တွင် မိမိ၏ပြုမူကျင့်ကြံမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းခံရမည်ဖြစ်သည်။
03

Benefits

အစ္စလာမ်သာသနာတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းမတူညီကျဘဲ၊ အချို့သော ကောင်းမှုကုသိုလ်များ‌ကြောင့် ၎င်း၏အဆင့်အတန်းမြင့်မားနိုင်သည်။
အကျိုးမရှိသော စကားရပ်များနှင့် လုပ်ရပ်များမှ ရှောင်ကြဉ်ခြင်းသည် မုစ်လင်မ်တစ်ဦး၏ အစ္စလာမ်သာသနာ လှပပြည့်စုံခြင်း၏ အထောက်အထားဖြစ်သည်။
မိမိ၏သာသနာနှင့် လောကီရေးရာကိစ္စရပ်များမှ အရေးကြီးသောကိစ္စရပ်များကိုသာ အာရုံစိုက်လုပ်ကိုင်ရန် တိုက်တွန်းထားသည်။ အကယ်၍ မုစ်လင်မ်တစ်ဦး၏ အစ္စလာမ်သာသနာ လှပခြင်းသည် သူနှင့်မဆိုင်သောအရာများကို ရှောင်ကြဉ်ခြင်းမှ ဖြစ်တည်လာသည်ဆိုလျှင်၊ ၎င်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို အာရုံစိုက်လုပ်ကိုင်ခြင်းသည် ၎င်း၏အစ္စလာမ်သာသနာ လှပခြင်း၏ အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်သည်။
အိဗ်နူလ် ကိုင်ယ်ယင်မ် (ရဟ်မသုလ္လာဟ်)က ဤသို့ဆိုခဲ့သည်- "နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် " الورع " ( ရှောင်ကျဉ်ခြင်းတရား ) တစ်ရပ်လုံးကို စကားတစ်ခွန်းတည်းဖြင့် စုစည်းဖော်ပြခဲ့သည်။ တမန်တော်မြတ်က မိန့်ကြားသည်မှာ 'မုစ်လင်မ်တစ်ဦး၏ အစ္စလာမ်သာသနာ လှပခြင်းမှာ သူနှင့်မသက်ဆိုင်သော ကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်'။ ဤမိန့်ကြားချက်သည် စကားပြောခြင်း၊ ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ လက်သီးဆုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တွေးတောစဉ်းစားခြင်း နှင့် အခြားသော ထင်ရှားသည့်လုပ်ရှားမှုများ‌ကော မထင်ရှားသည့် လှုပ်ရှားမှုအားလုံးစသည့် ၎င်းနှင့်မသက်ဆိုင်သောအရာများအား ရှောင်ကြဉ်ခြင်းကို ယေဘုယျအားဖြင့် ခြုံငုံဖော်ပြသည်။ ထို့ကြောင့် ဤစကားသည် " الورع " ( ရှောင်ကျဉ်ခြင်းတရား )အတွက် လုံလောက်သော စကားတစ်ခွန်းပင်ဖြစ်သည်။
အိဗ်နေ ရဂျဗ် (ရဟ်မသုလ္လာဟ်)က "ဤဟဒီးဆ်တော်သည် ကောင်းမြတ်သော အကျင့်စာရိတ္တ၏ အခြေခံမူတစ်ရပ်ဖြစ်သည်" ဟု ဆိုခဲ့သည်။
အသိပညာရှာ‌ဖွေဆည်းပူးရန် တိုက်တွန်းထားခြင်း။ အဘယ်ကြောင့်ဆိုသော် အသိပညာဖြင့်သာ လူသားသည် မိမိအတွက် အရေးကြီးသောအရာနှင့် မကြီးသောအရာကို ခွဲခြားသိမြင်နိုင်သောကြောင့်ဖြစ်သည်။
ကောင်းရာကိုညွှန်ကြားခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းနှင့် လူသားအတွက် အရေးပါသောအကြံဥာဏ်ပေးခြင်းတို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို ပြုလုပ်ရန် အမိန့်ပေးထားသောကြောင့်ဖြစ်သည်။
ဟဒီးဆ်တော်၏ ယေဘုယျအနက်အဓိပ္ပာယ်တွင် အောက်ပါအချက်များပါဝင်သည်- အလ္လာဟ်အရှင်မြတ် ဟရာမ်တားမြစ်ထားသောအရာများ၊တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) မနှစ်သက်သောအရာများနှင့် မလိုအပ်သော အာခိရသ်နောင်တမလွန်ဘဝနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ပမာအားဖြင့် - ကိယာမသ်နေ့နှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များ၏ အသေးစိတ်အချက်အလက်များ၊ ဖန်ဆင်းခြင်းနှင့် အမိန့်တော်ဆိုင်ရာ အကြောင်းအရာများ၏ အနက်ဖွင့်ဆိုချက်များမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်ပွားသေးသော၊ ဖြစ်ပွားခဲသော သို့မဟုတ် ဖြစ်နိုင်ခြေမရှိသော ပြဿနာများကို မေးမြန်းခြင်းနှင့် ရှာဖွေခြင်းမှလည်း ရှောင်ကြဉ်ခြင်းတို့ပါဝင်သည်။

Attribution

[رواه الترمذي وغيره]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...