افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3331[صحيح]
HadeethEnc · 1.34.0

အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
02

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ပျက်စီးဆုံးရှုံးစေမည့် အပြစ်အကုသိုလ်ခုနစ်မျိုးမှ ရှောင်ကြဉ်ကြရန် မိန့်ကြားတော်မူခဲ့သည်။ ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု ကိုယ်တော့်အား မေးလျှောက်သည့်အခါ ရှင်းပြတော်မူသည်မှာ

(၁) ‘ရှိရ်က်’အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊ ဤသည် မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှင့် နှိုင်းဖက်၊ယှဉ်ဖက် ဂုဏ်ရည်တူရှိသည်ဟုသတ်မှတ်ခြင်း၊ ခဝပ်ကိုးကွယ်မှုတစ်ခုကို အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်စုံတစ်ယောက်အတွက် ပြုလုပ်ခြင်းတို့ဖြစ်သည်။ ရှိရ်က်သည် အကြီးဆုံးအပြစ်အကုသိုလ်ဖြစ်သည့်အတွက် ၎င်းနှင့်စတင်ထားခြင်းဖြစ်သည်။

(၂) စုန်းပယောဂဖြင့်ပြုစားခြင်း၊ ၎င်းသည်အထုံးအဖွဲ့များ၊ ဂါထာမန္တန် ဖတ်ရွတ်မန်းမှုတ်ခြင်း၊ ဆေးဝါးများ၊ အခိုးအငွေ့များ အစရှိသည်တို့ဖြင့် ပြုစားခြင်းဖြစ်သည်။ ပြုစားခံရသူသည် သေဆုံးခြင်း သို့မဟုတ် ရောဂါဝေဒနာ ခံစားရခြင်း သို့မဟုတ် လင်မယားကွဲခြင်း စသည်တို့ကို ခံစားရသည်။ ဤသည် ရှိုင်သွာန်၏လုပ်ရပ်ပင်ဖြစ်သည်။ ထိုလုပ်ရပ်အများစုသည် ရှိရ်က်ပြုခြင်း၊ ဂျင်န်ဆိုးများ နှစ်သက်သည့် ကိစ္စများကို ဆောင်ရွက်ကာ ၎င်းတို့ထံ ချဉ်းကပ်မှုရယူခြင်းတို့ ပြုမှသာ ဆောင်ရွက်နိုင်သည်။

(၃) အုပ်ချုပ်သူအစိုးရက ရှရီအသ်တရားတော်နှင့်အညီ သေဒဏ်စီရင်ခြင်းမှလွဲ၍ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း။

(၄) အတိုးစားခြင်း သို့မဟုတ် အခြားနည်းလမ်း တစ်မျိုးမျိုးဖြင့် အတိုးမှအကျိုးခံစားခြင်း။

(၅) အရွယ်မရောက်မီ ဖခင်ကွယ်လွန်သွားသော ကလေး၏ ပစ္စည်းဥစ္စာကို မတရားသဖြင့်စားခြင်း။

(၆) ကာဖိရ်များနှင့် စစ်ထိုးနေသည့် စစ်မြေပြင်မှထွက်ပြေးခြင်း။

(၇) မကောင်းမှုအပေါ် အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးများအား တရားမဝင်ကာမကျူးလွန်သည်ဟုစွပ်စွဲခြင်း၊ မုအ်မင်န် အမျိုးသားများကို စွပ်စွဲခြင်းသည်လည်း အတူတူပင်ဖြစ်သည်။
03

Benefits

အပြစ်အကုသိုလ်ကြီးများမှာ ခုနှစ်မျိုးသာ ရှိသည်ဟု သတ်မှတ်ထားခြင်းမဟုတ်ပေ။ ဤခုနှစ်မျိုးသည် ဆိုးကျိုးကြီးမားသည့်အတွက် သီးသန့်ဖော်ပြထားခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်ခြင်း၊ အစ္စလာမ်ကိုလက်ခံပြီးနောက် စွန့်လွှတ်လိုက်ခြင်း၊ နိကဟ်ထိမ်းမြားပြီးသည့်နောက် ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်း အစရှိသောပြစ်မှုများကြောင့် အစ္စလာမ့်ဥပဒေအရ သေဒဏ်စီရင်ခြင်းခံရလျှင် သတ်ဖြတ်ခြင်းပိုင်သည်။ ဤသို့ အပြစ်ပေးခြင်းကို အစ္စလာမ့်အစိုးရကသာဆောင်ရွက်ရမည်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...