افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65038[صحيح]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ- အရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများ၏ ရှင်ခြင်း၊သေခြင်း၊ စားနပ်ရိက္ခာအပြင် ၎င်းတို့နှင့်သက်ဆိုင်သည့် အရေးကိစ္စအဝဝကို မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီ နှစ်ပေါင်းငါးသောင်းအလျင်ကပင် ‘လောင်ဟိမဟ်ဖူဇ်’ သင်ပုန်းပေါ်တွင် အသေးစိတ် သတ်မှတ်ရေးဆွဲတော်မူခဲ့သည်။ ထိုသတ်မှတ်ရေးဆွဲထားသည့်ကိစ္စများသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်အညီ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖြစ်ပေါ်လာသည့် ကိစ္စတိုင်းသည် အလ္လာဟ်အရှင်မြတ်၏သတ်မှတ်ဆုံးဖြတ်ချက်အရသာ ဖြစ်ပေါ်ရခြင်းဖြစ်သည်။ လူသားထံ ဆိုက်ရောက်ရန် သတ်မှတ်ထားသောအရာသည် ၎င်းထံမှ လွဲဖယ်သွားမည်မဟုတ်သလို ၎င်းထံမဆိုက်ရောက်ရန် သတ်မှတ်ထားသောအရာသည်လည်း မှားယွင်း၍ ဆိုက်ရောက်လာမည်မဟုတ်ပေ။
03

Benefits

‘သက္က်ဒီရ်’ သတ်မှတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ရန် အရေးကြီးသည်။
‘သက္က်ဒီရ်’ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ကြိုတင်သိရှိထားတော်မူပြီး ထိုသို့သိထားသည့်အတိုင်း ရေးဆွဲသတ်မှတ်တော်မူကာ ၎င်းတို့ကို မိမိအလိုတော်နှင့်အညီ ဖန်ဆင်းတော်မူကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီကပင် ‘သက္ကဒီရ်’သတ်မှတ်ချက်အား ရေးဆွဲတော်မူပြီးဖြစ်ကြောင်း အီမာန်သက်ဝင်ယုံကြည်ခြင်းသည် ကျေနပ်နှစ်သက်မှုနှင့် နာခံမှုတို့ကို ဖြစ်ပေါ်စေသည်။
မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီကပင် အလ္လာဟ်အရှင်မြတ်၏(အရ်ရှ်) ပလ္လင်တော်သည် ရေပေါ်၌ရှိသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...