افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65033[صحيح]
HadeethEnc · 1.34.0

မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိပေမည်။ ထို့နောက် ၎င်းအား ဤမှတ်တမ်းများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ(မလာအိကဟ်)များက အသင့်အား မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင့်ထံ၌ (ထိုအပြစ်များနှင့် ပတ်သက်၍ အငြင်းဝင်ရန်) အကြောင်းပြချက် ရှိပါသလောဟု မေးမြန်းတော်မူမည်။ ထိုအခါ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါအရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ထို့နောက်အရှင်မြတ်က ဤစက္ကူစကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည် မဟုတ်ပေ။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့၌ ကိုယ်တော်၏အွမ္မသ်သားများအနက်မှ တစ်ဦးအား လူသားများအားလုံးရှေ့၌ စာရင်းစစ်ဆေးရန်အတွက် ခေါ်ယူတော်မူပြီး ၎င်းအား လောက၌ ပြုလုပ်ခဲ့သည့် အပြစ်အကုသိုလ်များ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်ဖြစ်သည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိလိမ့်မည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ၎င်းအား ဤမှတ်တမ်းများတွင် ရေးမှတ်ထားသည့် အရာများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုပါသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ မလာအိကဟ်များက သင်အားမတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား သင်လောက၌ ပြုလုပ်ခဲ့သည့်အပြစ်များအတွက် သင့်ထံ၌ အကြောင်းပြချက် ရှိပါသလော။ မေ့မှား၍ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ လုပ်ခဲ့မိပါသည်ဟူ၍ အကြောင်းပြချက်ပေးလိုပါသလောဟု မေးမြန်းတော်မူမည်။ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုးအကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်က ထိုသူအား ဤစက္ကူငယ်ကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ၎င်းက အံ့သြကြီးစွာဖြင့် အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားခဲ့သည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာပေးတော်မူခဲ့သည်။
03

Benefits

ကလိမာသောဝ်င်ဟီးဒ် “لاَ إِلَهَ إِلاَّ اللَّهُ”ကို သက်သေခံခြင်း၏ ကြီးကျယ်မှုနှင့် ၎င်းသည် မီဇာန်ချိန်ခွင်၌ အလေးစီးကြောင်းသိရှိရသည်။
ကလိမဟ်တော် “لاَ إِلَهَ إِلاَّ اللَّهُ”ကို နှုတ်ဖြင့်ရွတ်ဆိုယုံဖြင့် မလုံလောက်ပါ။ ထိုကလိမဟ်တော်၏ အဓိပ္ပါယ်ကို သိနားလည်ပြီး ကလိမဟ်တော်၏ တောင်းဆိုချက်များအတိုင်း လိုက်နာကျင့်သုံးရန် အရေးကြီးသည်။
အိခ်လာဆ်ွနှင့် သောင်ဝ်ဟီးဒ်၏ အင်အားသည် အပြစ်အကုသိုလ်များ ပယ်ဖျက်ပေးရန်အတွက် အကြောင်းခံတစ်ခုဖြစ်သည်။
နှလုံးသားများတွင်ရှိသော အိခ်လာဆ်ွကွာခြားမှုပေါ်မူတည်၍ အီမာန်၏အဆင့်အတန်းသည်လည်း ကွာခြားသွားသည်။ ထို့ကြောင့်ပင် အချို့သူများသည် ကလိမဟ်တော်ကို ရွတ်ဆိုထားသော်လည်း ၎င်းတို့ကျူးလွန်ခဲ့ အပြစ်နှင့်အညီ ပြစ်ဒဏ်ပေးခြင်းခံရသည်။

Attribution

[رواه الترمذي وابن ماجه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...