ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
Explanation
Benefits
စိတ်နှလုံးသားကို လှည့်စားသည့် သံသယအတွေးများသည် ရှိုင်ဿွာန် မိစ္ဆာကောင်ဘက်မှဖြစ်ပေါ်သဖြင့် ထိုအတွေးများကို လက်ခံခြင်း၊ ထောက်ခံခြင်း မပြုရပေ။
ရှိုင်သွာန်ဘက်မှာလာသည့် သံသယအတွေးများသည် မုအ်မင်န်သက်ဝင်ယုံကြည်သူများကို ဆိုးကျိုးမပေးနိုင်ပေ။ သို့သော် ထိုအတွေးများ အဆက်မပြတ် မဖြစ်ပေါ်လာစေရန်အတွက် ရှိုင်သွာန်ဘက်မှလာသော ‘ဝတ်စ်ဝစဟ်’မှကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုတောင်းခံရမည်။
မွတ်စ်လင်မ်တစ်ဦးသည် မိမိဘာသာတရားနှင့် ပတ်သက်၍ မရှင်းလင်းသည့်ကိစ္စများကို နှုတ်ဆိတ်မနေဘဲ မေးမြန်းသင့်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

