افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6458[صحيح]
HadeethEnc · 1.34.0

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသော် ကောင်းကင်တမန်ဂျီဗ်ရီလ်ကို ခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်‌တော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား ချစ်ခင်နှစ်သက်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်လေ၏

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသော် ကောင်းကင်တမန်ဂျီဗ်ရီလ်ကို ခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်‌တော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား ချစ်ခင်နှစ်သက်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်လေ၏။ ထို့နောက် ဂျီဗ်ရီလ်သည် မိုးကောင်းကင်တွင် "အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူသည်၊ သို့ဖြစ်၍ အသင်တို့သည်လည်း သူ့အား ချစ်ခင်နှစ်သက်ကြလော့" ဟု ကြွေးကြော်လေ၏။ ထိုအခါ ကောင်းကင်တမန်များသည်လည်း ထိုသူအား ချစ်ခင်နှစ်သက်ကြကုန်၏။ ထို့နောက် သူ့အား မြေပထဝီပေါ်တွင် ( လူများ၏ )လက်ခံခြင်း (ချစ်ခြင်း) ခံရသူအဖြစ် ပြုလုပ်တော်မူခြင်း ခံရ၏။
အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား မုန်းတီးတော်မူသော် ဂျီဗ်ရီလ်ကိုခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား မုန်းတီးလော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား မုန်းတီးလေ၏။ ထို့နောက် ဂျီဗ်ရီလ်သည် ကောင်းကင်တမန်များအား "အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူသည်၊ သို့ဖြစ်၍ အသင်တို့သည်လည်း သူ့အား မုန်းတီးကြလော့" ဟု ကြွေးကြော်လေ၏။ ထိုအခါ ကောင်းကင်တမန်များသည်လည်း ထိုသူအား မုန်းတီးကြကုန်၏။ ထို့နောက် သူ့အား မြေပထဝီပေါ်တွင် မုန်းတီးခြင်း ခံရသူအဖြစ် ပြုလုပ်တော်မူခြင်း ခံရ၏။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များမှ ရှောင်ကြဉ်သော မုအ်မင်န်ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်စင်စစ် ငါအလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား ချစ်ခင်နှစ်သက်လော့။ ထိုအခါ ကောင်းကင်တမန်များ၏ ခေါင်းဆောင် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား ချစ်ခင်နှစ်သက်လေ၏။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်တို့သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်ကြလော့။"
ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူအား ချစ်ခင်နှစ်သက်ကြကုန်၏။ ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား ချစ်ခင်နှစ်သက်ခြင်း၊ သဘောကျခြင်းနှင့် ကျေနပ်ခြင်းတို့ဖြင့် လက်ခံမှုရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား မုန်းတီးတော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်မုချ ငါအရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား မုန်းတီးလော့။" ထိုအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား မုန်းတီးလေသည်။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ဟစ်ခေါ်ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုသူအား မုန်းတီးကြလော့။" ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူ့အား မုန်းတီးကြကုန်၏။ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား မုန်းတီးခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ ရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။
03

Benefits

၁။ အဗူမုဟမ္မဒ် ဗင်န် အဗီဂျမ်ရဟ်က “အလ္လာဟ်အရှင်မြတ်သည် ဂျစ်ဗ်ရီလ်အား အခြားမလာအိကဟ်ကောင်းကင်တမန်များထက် ဦးစားပေးခိုင်းစေခြင်းမှာ အလ္လာဟ်အရှင်မြတ်ထံတွင် ဂျစ်ဗ်ရီလ်၏ အဆင့်အတန်းသည် အခြားမလာအိကဟ်ကောင်းကင်တမန်များထက် မြင့်မားပုံကို ထင်ရှားစေရန်အတွက်ဖြစ်သည်” ဟု ဆိုသည်။
၂။ အလ္လာဟ်အရှင်မြတ် ချစ်ခင်နှစ်သက်တော်မူသောသူကို ကောင်းကင်တမန်များနှင့် ကမ္ဘာသူကမ္ဘာသားများကလည်း ချစ်ခင်နှစ်သက်ကြသည်။ အလ္လာဟ်အရှင်မြတ် မုန်းတီးတော်မူသောသူကို ကောင်းကင် တမန်များနှင့် ကမ္ဘာသူကမ္ဘာသားများကလည်း မုန်းတီးကြသည်။
၃။ အိမာမ်ဆင်န်ဒီက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ "မြေပထဝီပေါ်တွင် လက်ခံခြင်းကို သူ့အတွက် ထားရှိတော်မူမည်" ဟူသည့် မိန့်ကြားချက်တွင် ၎င်းကို အားလုံးသောသူများက နှစ်သက်လက်ခံမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ် သူ့အတွက် အလိုရှိတော်မူသည့် အတိုင်းအတာအရ မြေပထဝီပေါ်တွင် နှစ်သက်လက်ခံခြင်း ခံရခြင်းကိုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် လူဆိုးလူယုတ်တို့၏ လူကောင်းများအား ရန်ငြိုးဖွဲ့မုန်းတီးပုံကို (ကျွန်ုပ်တို့) သိရှိထားပြီးဖြစ်သောကြောင့်ပင်တည်း။
၄။ ဝါဂျစ်ဗ်နှင့် စွန်နသ်စသည့် ပုံစံအမျိုးမျိုးဖြင့် ကောင်းမှုကုသိုလ်များကို ပြည့်စုံစွာပြုလုပ်ရန် တိုက်တွန်းထားခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှစေသော အကြောင်းရင်းများဖြစ်သည့် အပြစ်ဒုစရိုက်များနှင့် ဗိဒ်အသ်တရားသစ်တီထွင်မှုများမှ သတိပေးထားခြင်း။
၅။ အိဗ်နုဟဂျရ်က “လူတို့၏ စိတ်နှလုံးများက နှစ်သက်ခြင်းသည် အလ္လာဟ်အရှင်မြတ်က နှစ်သက်ခြင်း၏ လက္ခဏာဖြစ်ကြောင်း ဤဟဒီးဆ်မှ ကောက်ချက်ချနိုင်သည်။ ဂျနာဇဟ်အခန်းကဏ္ဍ၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ 'မြေပထဝီပေါ်တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေများ ဖြစ်ကြသည်' ဟူသော မိန့်ကြားချက်ကလည်း ယင်းကို အတည်ပြုထောက်ခံနေသည်။
၆။ အိဗ်နွလ်အရဗီ အလ်မာလီကီက “ကမ္ဘာသူကမ္ဘာသားများ” ဟူသော အလိုသဘောမှာ ထိုသူကို သိကျွမ်းသူများကိုသာ ရည်ညွှန်းပြီး မသိသူ၊ မကြားဖူးသူများ မပါဝင်ပါဟု ဆိုသည်။

Attribution

[صحيح مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...