လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
Explanation
ပထမအချက် - လူတို့၏ မျိုးရိုးအားစော်ကားထိုးနှက်ခြင်း၊ လူတို့ကို ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မာန်မာနထောင်လွှားခြင်း။
ဒုတိယအချက် - သက္ကဒီရ် (နဖူးစာကံကြမ္မာ) ကို မကျေမနပ်ဖြစ်သည့်အနေဖြင့် ဘေးဒုက္ခကြုံတွေ့ရချိန်၌ အသံမြှင့်၍ (ဖွဲ့နွဲ့ငိုကြွေးခြင်း) သို့မဟုတ် အလွန်အမင်း စိတ်ရှုပ်ထွေးမှုကြောင့် အဝတ်အ
စားများကို ဆုတ်ဖြဲခြင်း။
Benefits
ဘေးဒုက္ခဆင်းရဲကြုံတွေ့ရချိန်တွင် သည်းခံမှုထားရှိရန်နှင့် မကျေမနပ်ဖြစ်ခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးခြင်း။
ဤလုပ်ရပ်များသည် ကုဖ်ရ် (အရှင်မြတ်၏ ကျေးဇူးတော်ကို မသိတတ်သော သွေဖည်မှု) အသေးစားဖြစ်သည်။ ဤသို့သော လုပ်ရပ်များကို ပြုလုပ်သူသည် ကုဖ်ရ်၏ အကိုင်းအခက်တစ်ခုကို ဆောင်ရွက်သည်မှန်သော်လည်း သာသနာမှ ထုတ်ပယ်ခြင်းခံရစေနိုင်သည့် အကြီးစား ကုဖ်ရ် ကျူးလွန်သူ အဖြစ် သို့ မ ရောက်သွား ပေ။ အကြီးစား ကုဖ်ရ် ကျူးလွန်သူသာလျှင် ထိုသို့သော အဆင့်သို့ ရောက်ရှိသည်။
မျိုးရိုးကို စော်ကားထိုးနှက်ခြင်း စသည့် မွတ်စ်လင်မ်များကြားတွင် ကွဲလွဲမှုများဖြစ်ပေါ်စေနိုင်သော အရာများအားလုံးမှ အစ္စလာမ် သာသနာသည် တားမြစ်ပိတ်ပင်ထားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

