افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65010[صحيح]
HadeethEnc · 1.34.0

အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

ဇိုက်ဒ်ဗင်န် ခါလစ်ဒ် အလ်ဂျုဟနီး (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟုဒိုင်ဗီယဟ်တွင် ညဘက်မိုးရွာသွန်းပြီးနောက် ကျွန်တော်တို့အား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်ပေးတော်မူသည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူသည် ငါအရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် (မိုးရွားသွန်းသည်)ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့အနီးနားရှိ ရွာတစ်ရွာဖြစ်သော ဟုဒိုင်ဗီယဟ်တွင်ရှိနေစဉ် ညဘက်မိုးရွာသွန်းပြီးနောက် နံနက်တွင်ဖဂျရ်ဆွလာသ်ကို ဆောက်တည်တော်မူခဲ့သည်။ ကိုယ်တော်သည် စလာမ်လှည့်ကာ ဆွလာသ်ကိုအဆုံးသတ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်ကမိန့်ကြားသည်မှာ မိုးရွာသွန်းသည့်အခါ လူတို့တွင် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’နှင့် အလ္လာဟ်အရှင်မြတ်ကိုငြင်းပယ်သူ ‘ကာဖိရ်’ဟူ၍ နှစ်မျိုးကွဲသွားကြောင်းအလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူ၊ အလ္လာအရှင်မြတ်ကသာ မိုးရွားသွန်းစေသည်ဟု ပြောဆိုသူသည် စကြာဝဠာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသော ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွားသွန်းသည်ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။ မိုးရွာသွန်းခြင်းအား နက္ခတ်တာရာများနှင့် ပတ်သက်ဆက်နွယ်ပြောဆိုခြင်းသည်‘ကုဖ်ရ် အဆ်ွဂရ်’ဖြစ်ပြီး အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော်လည်း ကြီးမားသည့် အပြစ်အကုသိုလ် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုနက္ခတ်တာရာများကို ရှရီအသ် တရားတော်အရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ အကြောင်းခံအဖြစ် မသတ်မှတ်ထားပါ။ မိုးရွားသွန်းခြင်းအပြင် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောအကြောင်းကိစ္စများသည် နက္ခတ်တာရာများပေါ်ထွက်ခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းတို့က ထိုကိစ္စများကို အမှန်တကယ်ဖြစ်ပေါ်စေသည်ဟု ယုံကြည်ချက်ထားသူသည်‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။
03

Benefits

မိုးရွာသည့်အခါ (မုသွိရ်နာ ဗိဖဿွ်လိလ်လာဟိ ဝရဟ်မသိဟီ) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းခဲ့သည်ဟု ဆိုခြင်း ‘မွတ်စ်သဟဗ်’ဖြစ်သည်။
မိုးရွားသွန်းခြင်းနှင့် အခြားနိအ်မသ်ကျေးဇူးတော်များကို နက္ခတ်တာရာများက ဖန်ဆင်းလိုက်ခြင်း၊ ဖြစ်ပေါ်စေခြင်း ဖြစ်သည်ဟု ယုံကြည်လျှင်‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။ထို့ပြင် နက္ခတ်တာရာများသည် ထိုနိအ်မသ် ကျေးဇူးတော်များ၏ အကြောင်းခံဖြစ်သည်ဟု ယုံကြည်ချက်ထားလျှင်‘ကုဖ်ရ် အဆ်ွဂရ်’ထိုက်ပြီး အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော်လည်း ကြီးမားသည့် အပြစ်အကုသိုလ် ဖြစ်သည်။ ၎င်းတို့သည် ရှရီအသ်တရားတော်အရဖြစ်စေ၊ လက်တွေ့အရဖြစ်စေ မည်သည့်အကြောင်းခံမျှမဟုတ်ပေ။
နိအ်မသ်ကျေးဇူးတော်များကို ကျေးဇူးတင်ခြင်းသည် အီမာန်ယုံကြည်မှု၏ အကြောင်းခံဖြစ်ပြီး၊ ငြင်းပယ်ခြင်းသည် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှု၏ အကြောင်းခံဖြစ်သည်။
ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် ကျွန်ုပ်တို့အပေါ်မိုးရွာသွန်းသည်ဟု ပြောဆိုခြင်းကို တားမြစ်ထားသည်။ အကယ်၍ ထိုစကားမျိုးကို နက္ခတ်တာရာများ ထွက်ပေါ်ချိန်တွင် မိုးရွာသွန်းသည်ဟူသော ရည်ရွယ်ချက်မျိုးဖြင့်ပြောဆိုလျှင်လည်း ‘ရှိရ်က်’သို့ ကျရောက်စေမည့် အကြောင်းခံများကို တားမြစ်သည့်အနေဖြင့် မပြောဆိုရန် တားမြစ်ထားသည်။
နိအ်မသ် ကျေးဇူးတော်များကို ရယူရာတွင်ဖြစ်စေ၊ မနှစ်သက်ဖွယ်ရာများကို ဖယ်ရှားရာတွင်ဖြစ်စေ စိတ်နှလုံးသားသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ချိတ်ဆက်ထားရန် အရေးကြီးသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...