افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6337[صحيح]
HadeethEnc · 1.34.0

“မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ “မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်ပြီဆိုပါက ငါအရှင်မြတ်သည် သူနားထောင်သည့်နားဖြစ်သွားသည်။ သူကြည့်သောမျက်စိဖြစ်သွားသည်။ သူကိုင်သည့်လက် ဖြစ်သွားသည်။ သူလျှောက်လှမ်းသည့် ခြေထောက်ဖြစ်သွားသည်။ အကယ်၍သူသည် ငါအရှင်မြတ်ထံမှာ တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့ကိုအမှန်တကယ်ပေးတော်မူမည်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့အား အမှန်တကယ် ခိုလှုံခွင့်ပေးမည်ဖြစ်သည်။ (တဖက်တွင်)မုအ်မင်န်သည် သေချင်းတရားကို မနှစ်မြို့(အခြားတဖက်တွင်)ငါအရှင်မြတ်သည် သူ့အားဒုက္ခဖြစ်စေခြင်းကို မနှစ်မြို့ပေ။ (သို့ရှိရာ ငါအရှင်မြတ်သည် သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးခြင်းနှင့် အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုဆုံးဖြတ်ပေးခြင်းဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။
02

Explanation

ဟဒီးဆ်ကုဒ်စီတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်များအနက်မှတဦးဦးကို ဒုက္ခပေးမည်၊ အမျက်ဒေါသထွက်စေမည်၊ မုန်းစေမည် ဆိုပါက ငါအရှင်မြတ်သည် သူ့အားပြန်၍ရန်ငြိုးထားကြောင်း အသိပေးကြေညာလိုက်ပေသည်။

ဝလီအလ္လာဟ်အရှင်မြတ်၏အချစ်တော်ဟူသည် သက္ကဝါ ကောင်းမှုများ ဆောင်ရွက်ပြီး မကောင်းမှုများမှ ရှောင်ကြဉ်သည့် မုအ်မင်န်ဖြစ်သည်။ လူသားသည် အီမာန်ယုံကြည်မှုရှိခြင်းနှင့် သက္ကဝါတရားရှိသည့်အတိုင်း အတာနှင့်အညီအလ္လာဟ်အရှင်မြတ်၏ချစ်ခင်နှစ်သက်မှုကို ရရှိပေမည်။ မွတ်စ်လင်မ်သည် မိမိ၏အရှင်သခင်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များ၊ မဖြစ်မနေဆောင်ရွက်ရမည့် ကောင်းမှုများ၊ ဟရာမ်ကိစ္စရပ်များ အားစွန်လွှတ်၍ငါအရှင်နှင့်နီးကပ်မှုကို ရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ ဖရ်ဿ်ွများနှင့်အတူနဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သူ့အားချစ်ခင်နှစ်သက်သွားပါက အောက်တွင်ဖော်ပြမည့်ခန္ဓာကိုယ်၏အစိတ်အပိုင်းလေးခုကို အရှင်မြတ်ကဖြောင့်မတ်အောင်ပြုလုပ်ပေးမည်ဖြစ်သည်။

အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။

အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။

အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။

အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။

ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွား‌ပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်‌ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။

တဖန်အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (တဖက်တွင်) သေချင်းတရား၌နာကျင်မှုရှိသည့်အတွက် မုအ်မင်န်သည်‌ သေခြင်းတရားကို မနှစ်မြို့ပေ။(အခြားတဖက်တွင်)အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တစ်ဦးနာကျင်မည်ကို မနှစ်မြို့ပေ။ သို့ရှိရာ ငါအရှင်မြတ်သည် မုအ်မင်န်အား အသက်နှုတ်ရန်သနား‌သောအားဖြင့်( သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးရမည်လော၊ အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုခံစား‌စေ‌ရန်ဆုံးဖြတ်ပေးရမည်‌လောဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။
03

Benefits

ဤဟဒီးဆ်တော်အား ဟဒီးဆ်ကုဒ်ဆီ သို့မဟုတ် ဟဒီးဆ်အိလာဟီ ဟုခေါ်ပြီး ယင်းဟဒီးဆ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဆင့်ပြန်ထားသည်။ ဟဒီးဆ်ကုဒ်ဆီ၏စာသားနှင့် အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှဖြစ်သည်။ သို့သော် အခြားအရာများထက် ထူးခြားနေသော ကုရ်အာန်၏ဝိသေသများသည် ဟဒီးဆ်ကုဒ်ဆီ၌မပါရှိပေ။ ကုရ်အာန်၏ထူးခြားမှုများမှာ ကုရ်အာန်ကျမ်းမြတ်အား သိလာဝသ်လုပ်ခြင်းသည် အိဗာဒသ်ဖြစ်ပြီး ယင်းကျမ်းမြတ်အား ကိုင်တွယ်ရန် သွဟာရသ်သန့်ပြန့်မှုရှိရန်လိုအပ်သည်။ ယင်းကျမ်းမြတ်တွင် ကျမ်း‌တော်လာအာယသ်‌တော်တစ်ပါးကဲ့သို့ အာယာသ်တော်တစ်ပါးဖန်တီး၍လာရောက်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ခြင်းလည်ပါရှိသည့်အပြင် မည်သည့်လူသားမျှစီးကုံးနိုင်စွမ်းမရှိသည့် လှပပြီးအဓိပ္ပါယ်လည်းပြည့်ဝသည့်သုတစာ‌ပေများ၊ ရသစာ‌ပေများဖြင့်ပြည့်စုံလှသည်။
အလ္လာဟ်အရှင်မြတ်၏အချစ်တော်များကို ဒုက္ခပေးခြင်းကို တားမြစ်ထားသည်။ သူတို့အား ချစ်ခင်ကြရန် တိုက်တွန်းထားသည်။ သူတို့မွန်မြတ်ကြောင်းကိုလည်း ထုတ်ဖော်ပြောရမည်။
အလ္လာဟ်အရှင်မြတ်၏ရန်သူများအား ရန်မူကြရန်အမိန့်ပေးထားပြီး သူတို့အားချစ်ခင်ခြင်းကို ဟရာမ်အဖြစ်သတ်မှတ်ထားကြသည်။
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏သာသနာ‌ တော်ကို မလိုက်နာပဲ အရှင့်အချစ်တော်ပါဟုကြွေးကြော်သူသည် လိမ်လည်ကြွေးကြော်သူဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏အချစ်တော်ကိုရရှိရန်မှာ ဝါဂျိဗ်တာဝန်များကို ကျင့်သုံးပြီး ဟရာမ်ကိစ္စရပ်များကို စွန့်လွှတ်ရမည်။
ဝါဂျိဗ်တာဝန်များကို ကျင့်သုံးပြီးနောက် နဖ်လ်အပိုပေးထားသော အိဗာဒသ်များကို ကျင့်သုံးခြင်းနှင့် ဟရာမ်ကိစ္စရပ်များကို စွန့်လွှတ်ခြင်းတို့သည် ဆုတောင်းပြည့်ရန်နှင့် အရှင်မြတ်၏ချစ်ခင်မှုကိုရရှိရန် အကြောင်းခံများအနက်မှဖြစ်သည်။
အရှင့်အချစ်တော်များ၏မွန်မြတ်ခြင်းနှင့် သူတို့၏အဆင့်အတန်းမြင့်မားမှုကို ညွှန်ပြထားပေသည်။

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...