ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။
Explanation
(အသတ်ခံရခြင်း၏) အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ချေ။ ဒုတိယအချက်မှာ - ကိယာမသ်နေ့တွင် အခြားသော မုအ်မင်န်သက်ဝင်ယုံကြည်သူများက ဂျဟန္နမ်ငရဲခံထိုက်သူများဖြစ်ကြသော မိမိတို့၏ မုအ်မင်န် ညီနောင်များအတွက် ရှဖာအသ်ကြားဝင်အသနားခံပေးချိန်တွင် သူသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရရှိမည်မဟုတ်ပေ။
Benefits
ဤဟဒီးစ်တွင် ဖော်ပြထားသော ပြစ်ဒဏ်သည် များစွာ ကျိန်ဆဲလေ့ရှိသူအတွက် ဖြစ်သည်။ တစ်ကြိမ် နှစ်ကြိမ် ကျိန်ဆဲမိသူအတွက် မဟုတ်ပေ။ ထို့ပြင် ကျိန်ဆဲခြင်းသည် တစ်ခါတစ်ရံ မုဗာဟ် (ခွင့်ပြုထားသောအရာ) လည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးကို သီးသန့်သတ်မှတ်ခြင်းမရှိဘဲ ရှရီအသ်တွင် ကျိန်ဆဲခြင်းခံထိုက်သော မကောင်းသော ဂုဏ်ရည်များရှိသူများကို ကျိန်ဆဲခြင်းမျိုး ဖြစ်သည်။ ဥပမာ - "ယဟူဒီများနှင့် နစ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "မတရားကျူးလွန်သူများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ သက်ရှိရုပ်ပုံရေးဆွဲသူများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "ကောင်မေလူးသ်ွ၏ လုပ်ရပ် ( ယောက်ကျားအချင်းချင်း လိင်ဆက်ဆံခြင်း) ကို ကျူးလွန်သူအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ"၊ "အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူအတွက် သားကောင် ဇဗဟ်ပြုလုပ်သူအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ် ကျရောက်ပါစေ"၊ "အမျိုးသမီးများနှင့် တူအောင် ပြုလုပ်သော အမျိုးသားများနှင့် အမျိုးသားများနှင့် တူအောင် ပြုလုပ်သော အမျိုးသမီးများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ် ကျရောက်ပါစေ"၊ စသည်ဖြင့် ပြောဆိုခြင်းမျိုး ဖြစ်သည်။
ကိယာမသ်နေ့တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူများသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့်ရမည့်အကြောင်းကို အတည်ပြုထားခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

