လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်
Choose an available translation of this Hadeeth
Hadeeth text
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်။ ကျွန်မ(အာအိရှဟ်သခင်မ)က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများနှင့် အမျိုးသားများသည် တစ်ဦး(အရှက်) ကိုတစ်ဦး ကြည့်မြင်ကြရမည်လား" ဟုလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို- အာအိရှဟ်၊ (ကိယာမသ်နေ့၏)အခြေအနေမှာ လူတို့သည် တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ခြင်းထက်ပို၍ ပြင်းထန်ပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
Explanation
Benefits
လူသားသည် မေ့လျော့သော အခြေအနေမှလွဲ၍ မကောင်းမှုဒုစရိုက်ထဲသို့ ကျရောက်မည် မဟုတ်ကြောင်း အတည်ပြုထားသည်။ အကယ်၍ သူသည် မိမိ အမိန့်ဖီဆန်ခဲ့သော အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို သတိရခြင်း သို့မဟုတ် အရှင်မြတ်၏ ပြစ်ဒဏ်ကို သတိရခဲ့လျှင်၊ သူသည် အရှင်မြတ်အား သတိရတသခြင်း၊ ကျေးဇူးတင်ခြင်းနှင့် ကောင်းမွန်စွာအိဗာဒသ်ဆည်းကပ်ကိုးကွယ်ခြင်းတို့မှ တစ်စက္ကန့်မျှပင် မေ့လျော့မည်မဟုတ်ပေ။ ထို့ကြောင့် ဟရှ်ရကွင်းပြင်၌ရှိသော လူများသည် မိကိုယ့်ကိစ္စနှင့်ကိုယ် လုံးပမ်းအလုပ်ရှုပ်နေကြမည်ဖြစ်ပြီး မည်သူကမျှ အခြားသူ(၏အရှက်)ကို ကြည့်ရှုနေမည် မဟုတ်ကြောင်း သင်မြင်တွေ့ရလိမ့်မည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ခေတ်ကာလတွင်ရှိခဲ့သော အမျိုးသမီးများ၏ အရှက်တရားကြီးမားမှုကို (ဖော်ပြထားသည်။) အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သခင်မ ကို ကြည့်ပါလေ။ သူမသည် အမျိုးသားများနှင့် အမျိုးသမီးများအားလုံး အဝတ်ဗလာအခြေအနေဖြင့် ရှင်ပြန်ထမြောက်ကြမည်ဟု ကြားသိရသောအခါ (ထိုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ) ရှက်ရွံ့မှုနှင့်ပတ်သတ်၍ အကျယ်တဝင့်လျှောက်ထားမေးမြန်းလေသည်။
အိမာမ်ဆင်န်ဒီက ပြောကြားသည်မှာ - လူတိုင်းသည် မိမိ၏ ကိစ္စရပ်တွင် လုံးပမ်းနေမည်ဖြစ်ပြီး မိမိ ညီအစ်ကို၏ အခြေအနေကို သိရှိနိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူခဲ့သည်။ "ထိုနေ့တွင် လူတိုင်း၌ (အခြား မည်သည့် အရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်းနေစေမည့် အရေးကိစ္စ တစ်ခုစီ ရှိနေမည် ဖြစ်သည်။" (ဆူရဟ် အဗဆ 80:37 ) ထို့ကြောင့် မည်သူကမျှ အခြားသူတစ်ဦး၏အရှက်အင်္ဂါအား အာရုံစိုက်လိမ့်မည် မဟုတ်ပေ။
ခိသာန် (ခသ်နဟ်လုပ်ခြင်း)ဟူသည် - အမျိုးသားအတွက်- လိင်တံ၏ထိပ်ဖျားကို ဖုံးကွယ်ထားသည့်အရေပြားကို ဖြတ်တောက်ခြင်းဖြစ်ပြီး၊ အမျိုး သမီးအတွက်မူ- လိင်ဆက်ဆံရာ နေရာအထက်၌ရှိသော ကြက်၏ အမောက်ကဲ့သို့သော အရေပြားကို ဖြတ်တောက်ခြင်းဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options

