မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့။ (ထိုသို့မတောင်းပန်ခဲ့ပါက) အကယ်၍ ၎င်း၌ ကောင်းမြတ်သောအမလ်များ ရှိခဲ့လျင် ၎င်းမတရားလုပ်ခဲ့သည့် အတိုင်းအတာနှင့်အညီ ထိုကောင်းမှုထဲမှ နှုတ်ယူခြင်းခံရပေမည်။ အကယ်၍ ၎င်း၌ ကောင်းမှုများမရှိလျင် သူ့ရဲ့မတရားပြုလုပ်ခြင်းကိုခံရသူ၏ မကောင်းမှုများကို ယူပြီး သူ့အပေါ်၌ ထမ်းရွက်စေခြင်းခံမည်ဖြစ်သည်။
Explanation
Benefits
၂။ မိမိနှင့်သက်ဆိုင်သော ဝတ္တရားများမှ လွတ်မြောက်ရန်အတွက် အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းထားခြင်း။
၃။ ကောင်းမြတ် သောအမလ်များနှင့် ယင်း၏ အကျိုး ကျေးဇူးများအား လူတို့အား မတရားကျူးလွန်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းက ပျက်စီးစေပါသည်။
၄။ လူသားတို့၏ အခွင့်အရေးများကို အလ္လာဟ်အရှင်မြတ်သည် ထိုအခွင့်အရေးပိုင်ရှင်များထံ ပြန်မပေးမခြင်း ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။
၅။ ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးတို့သည် ဤလောကီဘဝ၌ အကျိုးအမြတ်ရရှိရန် လမ်းစဖြစ်သော်လည်း၊ ကိယာမသ်နေ့တွင် ကောင်းမှုများနှင့် မကောင်းမှုများဖြင့်သာ ဆုံးဖြတ်ပေမည်။
၆။ အချို့ပညာရှင်များက ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဤသို့ဆိုထားသည်- ကျူးလွန်ခံရသူ (သူ၏ဂုဏ်သိက္ခာပျက်စေခြင်းအကြောင်း) မသိပါက၊ သူ့အား ပြောပြရန် မလိုအပ်ပါ။ ဥပမာ၊ တစ်စုံတစ်ဦးသည် ထိုင်ဝိုင်းတစ်ခုတွင် သူ့အား ကဲ့ရဲ့ပြစ်တင်ပြောဆိုမိပြီး သောင်ဗဟ်ပြုလုပ်လိုက်ပါက၊ သူ့အား ပြောပြရန် မလိုအပ်ပါ။ သို့သော် (ကဲ့ရဲ့ပြစ်တင်သူသည်) သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်း၊ သူ့အတွက် ဒုအာလုပ်ပေးခြင်းနှင့် ယခင်က သူ့အားကဲ့ရဲ့ပြစ်တင်ခဲ့သောထိုင်ဝိုင်းများတွင် သူ့အား ချီးမွမ်းပြောဆိုခြင်းတို့ကို ပြုလုပ်ရမည်။ ဤနည်းဖြင့် သူသည် ထိုအပြစ်မှ လွတ်မြောက်သွားပေလိမ့်မည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

