မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
Explanation
Benefits
လူသားများသည်ပင်လျှင် မိမိတို့ အိမ်သို့လာရောက်သူကို ဧည့်ခံကျွေးမွေးကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အဖန်ဆင်းခံများထက် ပို၍ ရက်ရောတော်မူ သော အရှင်ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို အရှင်၏အိမ်တော်သို့ ရည်စူး (လာရောက် ) ခဲ့လျှင် အရှင်မြတ်သည် ထိုသူအား ဂုဏ်ပြုချီးမြှင့်တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအတွက် ကြီးကျယ်မြင့်မြတ်သော ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသည်။
ဗလီများသို့ သွားရခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း။ အဘယ် ကြောင့်ဆိုသော် မနက်တိုင်း သို့မဟုတ် ညနေတိုင်း ၎င်း၏ ဗလီသို့ သွားသည့် အကြိမ်ရေအတိုင်း ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသောကြောင့် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

