افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4850[صحيح]
HadeethEnc · 1.34.0

မည်သူမ‌‌ဆို ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ စားထားပါက ငါကိုယ်တော်တို့နှင့် သီးခြားခွဲ၍နေလော့။ (သို့မဟုတ် ဤသို့ မိန့်ဆိုခဲ့သည်။) ငါကိုယ်တော်တို့ရဲ့ဗလီနှင့် သီးခြားခွဲ၍နေလော့။ မိမိရဲ့ အိမ်၌ပင် ထိုင်နေလော့

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမ‌‌ဆို ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ စားထားပါက ငါကိုယ်တော်တို့နှင့် သီးခြားခွဲ၍နေလော့။ (သို့မဟုတ် ဤသို့ မိန့်ဆိုခဲ့သည်။) ငါကိုယ်တော်တို့ရဲ့ဗလီနှင့် သီးခြားခွဲ၍နေလော့။ မိမိရဲ့ အိမ်၌ပင် ထိုင်နေလော့။ တစ်ခါသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည်ဟင်းသီးဟင်းရွက်များ ( ချက်ပြုတ်ထား )သည့် ဟင်းအိုးတစ်အိုးကို ဆက်သခြင်းခံရသည်။ ကိုယ်တော်သည် ဟင်းအိုးအတွင်းမှ အနံ့တစ်ခုကို ရ သောကြောင့် မေးမြန်း‌တော်မူလေသည်။ (လူတို့က) ကိုယ်တော့်အား ထိုဟင်းအိုးတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်များကို အသိပေးတင်ပြသည့်အခါတွင် ကိုယ်တော်သည် မိမိနှင့်အတူရှိသော တပည့် ဆွဟာဗီတစ်ဦးဘက်သို့ အသင်တို့ ဒီဟင်းအိုးကို တိုးကပ်ပေးလိုက်ကြလော့ ဟု မိန့်တော်မူ‌ လေသည်။ ထိုဆွဟာဗီသည် ယင်းဟင်းအား စားရန် မနှစ်သက်သည်ကို ကိုယ်တော်က မြင်တွေ့သောအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အသင် စားလော့။ (ငါကိုယ်တော်မြတ်အနေဖြင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရခြင်းမှာ) ငါကိုယ်တော်မြတ်သည် အသင် အနီးကပ်စကားပြောဆိုဆက်ဆံခြင်းမပြုရသည့် ကောင်းကင်တမန်(ဂျိဗ်ရီလ် အလိုင်ဟိစ္စလာမ်) နှင့် စကားပြောဆိုရသောကြောင့် ဖြစ်သည်။” မွတ်စ်လင်မ်ကျမ်း၌ ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် ထံမှဆင့်ပြန်လာရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ဤဟင်းသီး
ဟင်းရွက်ဖြစ်သော ကြက်သွန်
ဖြူကို စားထားပါက - တစ်ခါတွင် ဤသို့ မိန့်ကြားတော်မူသည်။ “မည်သူမဆို ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို စားထားပါက ငါကိုယ်တော်တို့၏ ဗလီအနားသို့ပင် မလာ‌လေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းသောအနံ့အသက်များကြောင့် လူတို့ စိတ်အနှောင့်အယှက် ဖြစ်သလို ကောင်းကင်တမန်များသည်လည်း အလားတူ စိတ်အနှောင့်အယှက်ဖြစ်လေသည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူစားထားသူအား ဗလီကျောင်းတော်သို့ လာရောက်ခြင်းမှ တားမြစ်ထားတော်မူသည်။ ထိုသို့တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ ထိုအရာနှစ်မျိုး၏ မကောင်းသောအနံ့သည် ဗလီကျောင်းတော်သို့ ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုရန် ရောက်ရှိလာကြသော အခြားညီနောင်များအား အနှောင့်အယှက် မဖြစ်စေရန် အတွက်ဖြစ်သည်။ ဤတားမြစ်ချက်သည် အမှန်စင်စစ် ဗလီသို့လာရောက်ခြင်းအား မနှစ်မြို့ဖွယ် တားမြစ်ချက်သာဖြစ်ပြီး ထိုအရာများကို စားသုံးခြင်းအား တားမြစ်ထားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာနှစ်မျိုးကို စားသုံးခြင်းသည် ခွင့်ပြုထားသော (ဟလာလ်) အရာများဖြစ်သောကြောင့်တည်း။ တစ်ခါသော် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ဟင်းသီး
ဟင်းရွက်များပါဝင်သည့် ဟင်းအိုးတစ်အိုးကို ယူဆောင်လာခဲ့ကြသည်။ သို့ရာတွင် တမန်တော်မြတ်သည် ယင်းဟင်းအိုးအတွင်းမှ အနံ့တစ်ခုကို ရှုရှိုက်မိပြီး ယင်းတွင် မည်သည့်အရာများပါဝင်သည်ကို မေးမြန်းသိရှိရသည့်အခါ၊ မိမိကိုယ်တိုင် စားသုံးရန်မှ ရှောင်ကြဉ်တော်မူကာ မိမိ၏ တပည့်ဆွဟာဗီတစ်ဦး ထံသို့ ပေးအပ်တော်မူသည်။ ထို ဆွဟာဗီကလည်း တမန်တော်မြတ်၏ လမ်းစဥ်ကို လိုက်နာလျက် ယင်းဟင်းကို စားရန် မနှစ်သက်ကြောင်း ပြောဆိုသောအခါ၊ တမန်တော်မြတ်သည် မြင်တော်မူ၍ ဤသို့မိန့်ကြားတော်မူသည်- " အသင် စားလော့။ (ငါကိုယ်တော်မြတ်အနေဖြင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရခြင်းမှာ) ငါကိုယ်တော်မြတ်သည် ဝဟီအမိန့်တော်ယူဆောင်လာသော ကောင်းကင်တမန်များနှင့် စကားပြောဆိုရသောကြောင့် ဖြစ်သည်။"

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကောင်း
သော အနံ့အသက်များကြောင့် လူတို့ စိတ်အနှောင့်
အယှက် ဖြစ်သလို ကောင်းကင်တမန်များသည်လည်း အလားတူ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
03

Benefits

ကြက်သွန်ဖြူ၊ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်မြိတ် စားထားသူအား ဗလီကျောင်းတော်သို့ လာရောက်ခြင်းမှ တားမြစ်ထားသည်။
ဤအရာများ၏ အမိန့်ပညတ်ချက်တွင် ဝတ်ပြုသူများစိတ်အနှောင့်အယှက် ဖြစ်စေသော အခြားသော မကောင်းသည့်အနံ့အသက်အားလုံးလည်း အကျုံးဝင်သည်။ ဥပမာ- စီးကရက်နှင့် ဆေးလိပ်သောက်ခြင်း စသည်တို့ ဖြစ်သည်။
တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ မကောင်းသောအနံ့အသက်ပင်ဖြစ်သည်။ အကယ်၍ အပြင်းအထန် ချက်ပြုတ်ခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုကြောင့် အနံ့ဆိုးပျောက်သွားပါက၊ မနှစ်မြို့ဖွယ် အခြေအနေလည်း ပျောက်သွားပေမည်။
ဗလီသို့ လာရောက်၍ ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိသူအတွက် ဗလီတွင် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်း လက်လွတ်ဆုံးရှုံးခြင်း မဖြစ်စေရန် ထိုအရာများကို စားသုံးခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းကို တာဝန်ကျရန် (မရှိတော့ရန် ) အကြောင်းပြချက်ဖြင့် ဤအရာများကို ရည်ရွယ် ချက်ရှိရှိ စားသုံးပါက၊ ထိုသူ့အတွက် ဤအရာများကို စားသုံးခြင်းသည် ဟရာမ် (တားမြစ်ထားသော) အဖြစ် သတ်မှတ်ခြင်းခံရမည်။
အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤအရာများကို စားသုံးခြင်းမှ ရှောင်ကြဉ်တော်မူခြင်းမှာ ယင်းတို့သည် ဟရာမ် (တားမြစ်ထားသော အရာ) များဖြစ်၍ မဟုတ်ပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှောင်ကြဉ်ရခြင်းမှာ ကိုယ်တော်သည် (ဝဟီပို့သည့်) ကောင်းကင်တမန်ဂျိဗ်ရီလ် (အလိုင်ဟိစလာမ်) နှင့် စကားပြောဆိုတော်မူရသောကြောင့် ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမွန်လှပသော သင်ကြားနည်းစနစ်- အကြောင်းမှာ ကိုယ်တော်သည် အမိန့်ပေးရုံသာမက ယင်း၏အကြောင်း ရင်းကိုပါ ရှင်းလင်းဖော်ပြတော်မူခဲ့သည်။ ထိုသို့ဖြင့် ( ခိုင်းစေထားသည့် အမိန့်၏ )ဟိက်မသ် သဘောတရားကို နားလည်သဘောပေါက်ကာ နားထောင်သူ၏ စိတ်နှလုံးတွင် စိတ်ချမှုနှင့် လက်ခံမှုဖြစ်ပေါ်လာစေရန် ဖြစ်သည်။
ကာဿွီ အိယွာဿ်က ဤသို့ဆိုသည်- ပညာရှင်များသည် ဗလီမဟုတ်သည့် ဝတ်ပြုရာနေရာများအား ဥပမာ- အိဒ်ဆွလာသ်ဝတ်ပြုရာ (အီဒ်ဂါဟ်) နေရာ၊ ဂျနာဇဟ်ဆွလာသ် ဝတ်ပြုရာနေရာ၊ စသည့် လူစုလူဝေးဖြင့် ခဝပ်ကိုးကွယ်မှုပြုရာနေရာများကိုလည်း ဤဥပဒေသအတိုင်း ထည့်သွင်းစဉ်းစားကြသည်။ အလားတူပင် သာသနာ့ပညာရပ်များသင်ကြားရာနေရာများ၊ ဇိကိရ်ထိုင်ဝိုင်းများနှင့် ဝလီမဟ်ဧည့်ခံပွဲများကျင်းပရာ နေရာများကိုလည်း ဤအတိုင်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သို့သော် ဈေးများကဲ့သို့သော နေရာများသည် ဤသို့ ထည့်သွင်းစဉ်းစားမှုတွင် မပါဝင်ပေ။
ပညာရှင်များက ဆိုသည်- ဤဟဒီးဆ်သည် ကြက်သွန်ဖြူစသည်တို့ကို စားထားသူအား ဗလီကျောင်းတော်တွင် အခြားလူများ မရှိသည့်အချိန်၌ပင် ဝင်ရောက်ခြင်းမှ တားမြစ်ရမည်ဟူသော အထောက်အထားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဗလီကျောင်းတော်တွင် ကောင်းကင်တမန်များ ရှိနေတော်မူသောကြောင့်တည်း။ ထို့အပြင် ဟဒီးဆ်တော်များ၏ ယေဘုယျသဘောတရားကလည်း ဤသည်ကိုပင် ညွှန်ပြနေသောကြောင့်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...