“သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”
Explanation
အတန်းမြင့်သူများ၊ သာလွန်သူများကို မကြည့်ရှုရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ မိမိထက် နိမ့်ကျသူကိုကြည့်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်တော်များကို အထင်မသေးမိစေရန်၊ မရှုံ့ချမိစေရန် ပို၍ထိုက်တန်သောကြောင့်ဖြစ်ပါသည်။
Benefits
၂။ အိမာမ်အစ်ဗ်နုဂျရီးရ်က ဤသို့ဆိုသည်။ ဤဟဒီးစ်တော်သည် ကောင်းမြတ်ခြင်း၏ အမျိုးအစားများစွာကို စုစည်းဖော်ပြသော ဟဒီးစ်တော်တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် လောကီရေးရာ၌ မိမိထက်သာလွန်သူကို မြင်လျှင် မိမိ၏စိတ်သည် ထိုသူကဲ့သို့ဖြစ်ရန် တောင့်တတတ်ပြီး၊ မိမိအား အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်ကျေးဇူးတော်ကို အနည်းငယ်မျှဟုထင်မှတ်ကာ ထိုသူနှင့်တူညီအောင် (သို့) အနီးစပ်ဆုံးဖြစ်စေရန် ဥစ္စာပစ္စည်းများပိုမိုတိုးပွားလာရန် ဆန္ဒပြင်းပြကြ လေသည်။ ဤသည်မှာ လူအများစု၌ တွေ့ရသော သဘောထားဖြစ်သည်။ သို့ရာတွင် လောကီရေးရာ၌ မိမိထက်နိမ့်ကျသူကို ကြည့်ရှုပါက ၎င်းအဖို့ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်လွင်လာပြီး ထိုကျေးဇူးတော်အတွက် ကျေးဇူးတင်ပြီး၊ မိမိကိုယ်မိမိ နှိမ့်ချတတ်လာကာ ကောင်းမှုများကို ပြုလုပ်လာလေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

