افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4958[صحيح]
HadeethEnc · 1.34.0

ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ခိုင်ဗရ်စစ်ပွဲဖြစ်သည့် နေ့၌ မိန့်ကြားတော်မူခဲ့သည်။ ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏
ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်။ အုမရ် ဗင်န် ခသ်သွာဗ်က ထိုနေ့တွင်သာလျှင် ကျွန်ုပ်သည် ခေါင်း
ဆောင်ဖြစ်လိုသောဆန္ဒ ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုခဲ့လေသည်။ ၎င်းက ဆက်လက်၍ ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိုအလံတော်အတွက် ခေါ်ခြင်းခံရမည်ကို မျှော်လင့်ကာ မြင့်သောနေရာသို့ မတ်တတ်ထလျက် ရပ်ခဲ့သည်"။ ၎င်းက ဆက်လက်၍ ပြောကြားသည်မှာ "ထို့နောက် အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ်သည် အလီ ဗင်န် အဗီသွာလိဗ်အား ခေါ်တော်မူပြီး ထိုအလံတော်ကို ၎င်းထံအပ်နှင်းကာ "သွားလော့။ အလ္လာဟ်သည် သင့်အ‌ပေါ် အောင်နိုင်မှုကို ချီးမြှင့်တော်မူသည်အထိ နောက်ပြန်လှည့်မကြည့်နှင့်" ဟု မိန့်ကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက်
၍ ပြောကြားသည်မှာ "ထိုအခါ အလီသည် အနည်းငယ်မျှ ချီတက်သွားပြီးနောက် ရပ်တန့်ကာ နောက်သို့ လှည့်မကြည့်ဘဲ ဤသို့ ဟစ်အော်မေးမြန်းခဲ့သည်- 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ လူတို့အား မည်သည့်အကြောင်းဖြင့် ကျွန်‌ေတာ်မျိုး စစ်မက်တိုက်ခိုက်ရမည်နည်း' တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "၎င်းတို့သည် 'အလ္လာဟ်မှတစ်ပါး အခြားမည်သည့်ကိုးကွယ်ရာမျှမရှိ' ဟု လည်းကောင်း၊ 'မုဟမ္မဒ်သည် အလ္လာဟ်၏ ရစူလ်တမန်တော်ဖြစ်သည်' ဟု လည်းကောင်း သက်သေခံသည်အထိ ၎င်းတို့နှင့် တိုက်ခိုက်လော့။ အကယ်၍ ၎င်းတို့သည် ထိုသို့ပြုလုပ်ပါက ၎င်းတို့၏အသက်နှင့် ဥစ္စာပစ္စည်းများကို အစ္စလာမ်၏ ဝတ္တရားမှလွဲ၍ သင့်ထံမှ ကာကွယ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အား စာရင်းစစ်‌ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်သာလျှင်ဖြစ်တော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွဟာဗဟ်များအား နောက်တစ်နေ့
(မနက်ဖြန်)တွင် မဒီနာမြို့အနီးရှိ ခိုင်ဗရ်တွင်ရှိသော ယဟူဒီများအပေါ် မွတ်စ်လင်မ်တို့ အောင်နိုင်မည့်အကြောင်းနှင့် ထိုအောင်နိုင်မှုသည် တမန်တော်မြတ် အလံချီးမြှင့်အပ်နှင်းမည့်သူ၏ လက်ပေါ်တွင် ဖြစ်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအလံသည် တပ်မတော်၏ သင်္ကေတအဖြစ် အသုံးပြုသော အလံဖြစ်သည်။ ဤ( အလံပေးအပ်မည့်)ပုဂ္ဂိုလ်၏ ဂုဏ်အရည်ချင်းများအနက်မှ တစ်ခုမှာ သူသည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ ရစူလ်တမန်တော်ကို ချစ်ခင်နှစ်သက်ပြီး၊ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ ရစူလ်တမန်တော်ကလည်း သူ့အား ချစ်ခင်နှစ်သက်တော်မူခြင်း ဖြစ်သည်။

အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏(အလံအပ်နှင်းခံရသူသည်) "အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိသူဖြစ်လိမ့်မည်" ဟု မိန့်ကြားခဲ့သည့် စကားကို ကြားရသည့်အခါ မိမိကိုယ်တိုင် ထိုအရာကို ရရှိရန် မျှော်လင့်ချက်ဖြင့် ထို့နေ့တွင်သာလျှင် ခေါင်းဆောင်ဖြစ်လို‌သော ဆန္ဒဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့‌နောက် အုမရ် (ရဿွိယလ္လာဟုအန်ဟု) သည် မိမိကိုယ်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်နိုင်ရန် ခန္ဓာကိုယ်ကို ဆန့်တန်းကာ မတ်တတ်ရပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ထိုတာဝန်အတွက် ခေါ်ခြင်းခံရရန် မျှော်လင့်
ချက်နှင့် ထိုအလံကို ရယူနိုင်ရန် အလွန်အမင်း စိတ်အားထက်
သန်သောကြောင့် ဖြစ်သည်။

သို့သော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ ဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) အား ခေါ်တော်မူပြီး အလံကိုပေးအပ်ခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ၎င်းအား စစ်တပ်ကို ဦးဆောင်ရန်နှင့် ရန်သူနှင့် ရင်ဆိုင်ကြုံ‌တွေ့ပြီးနောက်တွင် အနားယူခြင်း၊ တိုက်ပွဲကိုရပ်နားခြင်း သို့မဟုတ် ‌ခဏတာ စစ်ပြေငြိမ်းရန် စာချုပ်ချုပ်ဆိုခြင်းတို့ကိုမပြုဘဲ အလ္လာဟ်အရှင်မြတ်က ၎င်းအား ခံတပ်များကို လွှမ်းမိုးအောင်နိုင်မှုချီးမြှင့်သည်အထိ တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။

အလီ (ရဿွိယလ္လာဟုအန်ဟု)သည် ရှေ့သို့ချီတက်သွားပြီးနောက် ရပ်တန့်ကာ တမန်တော်မြတ်၏ အမိန့်တော်ကို မဖီဆန်မိစေရန် နောက်သို့ လှည့်မကြည့်ဘဲ အသံကျယ်လောင်စွာဖြင့် 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ လူတို့အား မည်သည့်အကြောင်းကြောင့် ကျွန်‌တော်မျိုး တိုက်ခိုက်ရမည်နည်း' ဟု လျှောက်ထားမေးမြန်းခဲ့သည်။

ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "၎င်းတို့သည် 'အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်ကိုးကွယ်ရာမျှမရှိ' ဟု လည်းကောင်း၊ 'မုဟမ္မဒ်သည် အလ္လာဟ်၏ ရစူလ်တမန်တော်ဖြစ်သည်' ဟု လည်းကောင်း သက်သေခံသည်အထိ အသင် ၎င်းတို့နှင့် တိုက်ခိုက်လော့။ အကယ်၍ ၎င်းတို့သည် ထိုအချက်ကို လက်ခံလိုက်ပါက ၎င်းတို့၏အသက်နှင့် ဥစ္စာပစ္စည်းများကို အသင့်ထံမှ ကာကွယ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ အသင့်အ‌ပေါ်၌ ထိုအရာများသည် ဟရာမ် အဖြစ်သတ်မှတ်ခံရသည်။ သို့သော် အစ္စလာမ်၏ ဝတ္တရားရှိပါက တိုက်ခိုက်သတ်ဖြတ်ခွင့်ရှိသည်။ ဆိုလိုသည်မှာ - အကယ်၍ ထိုသူတို့သည် အစ္စလာမ့်တရားဥပဒေအရ သေဒဏ်ချမှတ်ခံရန် ထိုက်တန်သည့် ပြစ်မှုတစ်ခုခု (သို့မဟုတ်) ကြီးလေးသော အမှားတစ်စုံတစ်ရာကို ကျူးလွန်မိခဲ့လျှင် ၎င်းတို့အား တိုက်ခိုက်သတ်ဖြတ်ခွင့်ရှိသည်။ ထို့နောက် ၎င်းတို့အား စာရင်းစစ်‌ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်သာလျှင်ဖြစ်တော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
03

Benefits

ဆွဟာဗဟ်သာဝကကြီးများသည် ခေါင်းဆောင်မှုရာထူးသည် တာဝန်ဝတ္တရားကြီးမားသည်ဟု သိရှိထားသဖြင့် ခေါင်းဆောင်မှုရာထူးကို မလိုလား မနှစ်သက်ကြပေ။
အကျိုးရှိကြောင်း ကောင်းမြတ်ကြောင်း သေချာသော အရာတစ်ခုအတွက် မျှော်လင့်ချက်ထားခြင်းနှင့် ရှာဖွေဆည်းပူးခြင်းသည် ခွင့်ပြုထားသောအရာဖြစ်သည်။
အုပ်ချုပ်သူမင်းတရားသည် စစ်ဦးစီးအား စစ် မြေပြင်တွင် ကျင့်သုံးရမည့် နည်းဗျူဟာများကို ညွှန်ကြားပေးခြင်း။
ဆွဟာဗဟ်သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမိန့်တော်များကို အလွန်လေးစားလိုက်နာပြီး ယင်းတို့ကို ပြုမူကျင့်ကြံခြင်းတွင် အမြန်ဆုံး အားထုတ်ကြသည်။
တစ်စုံတစ်ရာကို တောင်းဆိုခံရသူသည် ယင်းတောင်းဆိုချက်ကို နားမလည်ပါက ထပ်မံမေးမြန်းခွင့်ရှိသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စစ်မှန်သည့်နဗီဖြစ်ကြောင်း အတည်ပြုသော သက်သေလက္ခဏာတော်များထဲမှ တစ်ခုမှာ ခိုင်ဗရ်ရှိ ယဟူဒီများကို အောင်နိုင်မည်ဟု ကြိုတင်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပြီး ဟောကြားတော်မူခဲ့သည့်အတိုင်း အတိအကျ အောင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
တမန်တော်မြတ်(ဆွ)၏ အမိန့်တော်များကို အလျှင်အမြန် လိုက်နာကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
ကလိမဟ် ရှဟာဒသ်နှစ်ခုကို ရွတ်ဆိုထားသူတစ်ဦးအား သတ်ခြင်း မပိုင်ပါ။ သို့ရာတွင် သေဒဏ်ချမှတ်ခံရန် ထိုက်တန်သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်မိပါက သတ်ခွင့်ရှိသည်။
အစ္စလာမ့် အမိန့်ပညတ်ချက်များသည် လူတို့၏ ပြင်ပလုပ်ရပ်များအပေါ်တွင်သာ စီရင်ချက်ချမှတ်သည်။ ၎င်းတို့၏ အတွင်းစိတ်နှလုံးသားထဲရှိ အရာများကိုမူ အလ္လာဟ်အရှင်မြတ်သာလျှင် တာဝန်ယူတော်မူမည်ဖြစ်သည်။
ဂျိဟာဒ်၏ အဓိကရည်ရွယ်ချက်မှာ လူတို့သည် အစ္စလာမ်သာသနာတော်ထဲသို့ ဝင်ရောက်လာရန်ပင်ဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...