افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4810[صحيح]
HadeethEnc · 1.34.0

အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အရှင်မြတ်က မိန့်ကြားတော်မူသည် « အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ် ကျွေးမွေးသူမှလွဲ၍ အသင်တို့အားလုံးသည် ငတ်မွတ်နေသူများပင်ဖြစ်သည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် စားနပ်ရိက္ခာ တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား စားနပ်ရိက္ခာ ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်ဝတ်ဆင်ပေးသူမှအပ အသင်တို့အားလုံးသည် အဝတ်အစား ကင်းမဲ့သူများပင်ဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် အဝတ်အစားဆင်မြန်းပေးရန် တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား အဝတ်အစား ဆင်မြန်းပေးတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင် အသင်တို့သည် နေ့နှင့်ညတွင် အပြစ်အကုသိုလ်များ ကျူးလွန်နေကြသည်။ ငါအရှင်မြတ်သည် အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှ ဆိုးကျိုးပေးနိုင်ကြမည်မဟုတ်၊ ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှကောင်းကျိုးလည်းပြုနိုင်မည် မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှုအာဏာတွင် တစ်စုံတစ်ရာမျှ တိုးလာမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင်တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် ကွင်းပြင်ကြီးတစ်ခု၌ ရပ်၍ ငါအရှင်မြတ်ထံမှ (မိမိတို့၏ လိုအပ်ချက်များကို) တောင်းခံကြပြီး ငါအရှင်မြတ်သည် တစ်ဦးချင်းစီ၏ တောင်းခံမှုကို ချီးမြှင့်ခဲ့လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်လိုက်၍ ပြန်ထုတ်သည့်အခါ လျော့နည်းခြင်း မရှိသကဲ့သို့ပင် ငါအရှင့်ထံတော်မှ တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင်ဤသည် အသင်တို့၏ လုပ်ရပ်များပင်ဖြစ်ပြီး ငါအရှင်မြတ်သည် ထိုလုပ်ရပ်များကို အသင်တို့အတွက် မှတ်တမ်းတင် ထားတော်မူသည်။ ၎င်းနောက်(ကိယာမသ်နေ့၌) ထိုလုပ်ရပ်များကို အသင်တို့အား အပြည့်အဝ ပြန်လည်အစားပေးမည်ဖြစ်သည်။ မည်သူမဆို ကောင်းမြတ်သည့်အစားကို ရရှိခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြု(ကျေးဇူးတင်)ပါလေ။ မည်သူမဆို (ကောင်းမြတ်သည့်အစား မဟုတ်ဘဲ) အခြားအရာကိုရရှိခဲ့လျှင် ထိုသူသည် မိမိကိုယ်မိမိသာ အပြစ်တင်ပါလေ။»
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရှင်းပြတော်မူသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ်အဖြစ် သတ်မှတ်တော်မူပြီး မိမိ၏ အဖန်ဆင်းခံများကြားတွင်လည်း မတရားမှုကို ဟရာမ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ထို့ကြောင့် တစ်ဦးကို တစ်ဦး မတရားလုပ်ခွင့်မရှိပေ။ ဧကန်အမှန်ပင် အဖန်ဆင်းခံများတွင် အလ္လာဟ်အရှင်မြတ် လမ်းမှန်တရားချီးမြှင့်သူ၊ လမ်းမှန်တရားပေါ်တွင် လျှောက်လှမ်းနိုင်စွမ်း ပေးသနားထားသူမှလွဲ၍ ကျန်အားလုံးသည် လမ်းမှန်တရားမှ လမ်းလွဲနေသူများပင်ဖြစ်ကြသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတွင် လမ်းမှန်တရားကို တောင်းခံပါက အရှင်မြတ်သည် ၎င်းအား လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပြီး လမ်းမှန်တရားပြသတော်မူမည်။ ဧကန်အမှန်ပင် အဖန်ဆင်းခံတို့သည် ၎င်းတို့၏ လိုအပ်ချက်အားလုံးအတွက် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တောင်းခံပါက အရှင်မြတ်သည် ၎င်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးတော်မူပြီး ၎င်းအဖို့ လုံလောက်တော်မူမည်ဖြစ်သည်။ လူသားတို့သည် နေ့နှင့်ညတွင် အပြစ်များ ကျူးလွန်လျက်ရှိကြသည်။ ကျေးကျွန်တို့က ခွင့်လွှတ်ချမ်းသာမှု တောင်းခံသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ပေးပြီး၊ အရေးမယူဘဲ ခွင့်လွှတ်တော်မူလိုက်သည်။ လူသားတို့သည် အလ္လာဟ်အရှင်မြတ်အားတစ်စုံတစ်ရာ ထိခိုက်နစ်နာစေရန် သို့မဟုတ် တစ်စုံတစ်ရာ အကျိုးပြုရန် တတ်စွမ်းနိုင်သူများမဟုတ်ကြပေ။ အကယ်၍ ၎င်းတို့သည် အမိန့်နာခံမှုအရှိဆုံးသူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်နာခံမှု၊ အပြစ်‌ရှောင်ကြဥ်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုအာဏာကို တစ်စုံတစ်ရာတိုးလာစေမည် မဟုတ်သလို ၎င်းတို့သည် အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်ဖီဆန်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှု အာဏာကို တစ်စုံတစ်ရာ လျော့နည်းစေမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အားအင်ချည့်နဲ့သူများဖြစ်ကြပြီး အခြေအနေတိုင်း၊ အချိန်အခါတိုင်း၊ နေရာတိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများပင် ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင်းတမှုအလုံးစုံမှ ကင်းစင်တော်မူသောအရှင်ဖြစ်သည်။ အကယ်၍ လူသားများ၊ ဂျင်န်သတ္တဝါများ၊ လွန်လေပြီးသူများနှင့် နောင်လာမည့်သူများအားလုံး တစ်နေရာတည်းတွင်ရပ်၍ အလ္လာဟ်အရှင်မြတ်ထံ တစ်ပြိုင်နက်တည်း တောင်းခံကြပြီး အရှင်မြတ်သည် တစ်ဦးစီ၏တောင်းခံမှုအား ချီးမြှင့်လိုက်လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်၍ ပြန်ထုတ်လိုက်သည့်အခါ ပင်လယ်ရေသည် မလျော့နည်းသကဲ့သို့ ထိုသို့ ပေးကမ်းချီးမြှင့်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ တစ်စုံတစ်ရာမျှပင် လျော့နည်းသွားမည် မဟုတ်ပေ။ ဤသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသည့် ကြွယ်ဝမှုပင်ဖြစ်သည်။

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ ဆောင်ရွက်ချက်များ၊ အကျိုးအပြစ်များအားလုံးကို မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသည်။ ၎င်းနောက် ကိယာမသ်နေ့တွင် ထိုဆောင်ရွက်ချက်များအပေါ် အစားပြန်လည် ချီးမြှင့်မည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားပြန်လည်ရရှိပါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခွင့်ရသည့်အပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုရမည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားမဟုတ်ဘဲ အခြားတစ်စုံတစ်ရာရရှိခဲ့လျှင် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းပြီး၊ ဆုံးရှုံးမှုသို့ ခေါ်ဆောင်ခဲ့သော မိမိ၏စိတ်နှလုံးသားကိုသာ အပြစ်တင်ရမည် ဖြစ်သည်။
03

Benefits

ဤဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏အရှင်မြတ်ထံမှတစ်ဆင့် ဆင့်ပြန်သည့် ဟဒီးဆ်တော်ဖြစ်သည်။ ၎င်းအား ဟဒီးဆ် ကုဒ်ဆီ (မြင့်မြတ်သည့် ဟဒီးဆ်တော်) သို့မဟုတ် ဟဒီးဆ် အိလာဟီ (ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင်၏ ဟဒီးဆ်တော်)ဟု ခေါ်ဆိုသည်။ ၎င်း၏ စာသားနှင့် အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်ထံမှဖြစ်သော်လည်း ၎င်းတွင် ကုရ်အာန်ကျမ်းမြတ်နှင့်သာ သက်ဆိုင်သည့် ဝိ‌သေသများဖြစ်သော ရွတ်ဖတ်ခြင်းဖြင့် အိဗာဒသ်ဖြစ်ခြင်း၊ ကိုင်တွယ်ရန်အတွက် ဝုသွူရေသန့်စင်မှုပြုရခြင်း၊ အလားတူ အာယာသ်များယူလာရန်စိန်ခေါ်ခြင်း၊ အခြားသူများကို မတတ်စွမ်းနိုင်အောင်လုပ်ခြင်း စသည့်အချက်များ မပါရှိပေ။
ကျေးကျွန်များ အသိပညာနှင့် လမ်းမှန်တရားရရှိခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်တရားချီးမြှင့်မှု၊ အသိပညာချီးမြှင့်မှုတို့ကြောင့်ပင်ဖြစ်သည်။
ကျေးကျွန်တစ်ဦးရရှိသည့် ကောင်းကျိုးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ဖြစ်ပြီး ၎င်းရရှိသည့် ဆိုးကျိုးသည် မိမိနှင့် မိမိ၏အလိုရမ္မက်ကြောင့်ဖြစ်သည်။
မည်သူမဆို ကောင်းမှုကို ဆောင်ရွက်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ ကောင်းမှုအပေါ် အစားပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် သက်သက်သာဖြစ်သည်။ ချီးမွမ်းထောမနာခြင်းအပေါင်းသည် ထိုအရှင်မြတ်အဖို့သာဖြစ်သည်။ အကြင်သူသည် မကောင်းမှုပြုလုပ်ခဲ့ပါက မိမိကိုယ်မိမိသာ အပြစ်တင်ရမည် ဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...