افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4563[صحيح]
HadeethEnc · 1.34.0

အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် «အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။» ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင်မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင်သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။
02

Explanation

အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်‌ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစားများသည် လွန်စွာဖြူဖွေးကာ ဆံပင်သည် အလွန်မည်းနက်လျက်ရှိပြီး သူ့၌ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖုန်များပေနေခြင်း၊ ဆံပင်များဖွာနေခြင်း၊ အဝတ်အစားများညစ်ပေနေခြင်းစသည့် ခရီးထွက်လာသည့် လက္ခဏာအရိပ်အယောင်မျှပင် မမြင်တွေ့ရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ‌ပါးတွင် ထိုင်နေသူများအနက်မည်သူမျှ သူ့ကိုမသိကြပေ။ ထို့နောက် သူသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရှေ့မှောက်တွင် ပညာသင်ယူဆည်းပူးသူကဲ့သို့ထိုင်ကာ တမန်တော်မြတ်အား အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က သူ့အား အစ္စလာမ့်မဏ္ဍိုင်ကြီးများဖြစ်သည့် ရှဟာဒသ် သက်သေခံချက်နှစ်ခုအားဝန်ခံခြင်း၊ ဆွလာသ်ငါးကြိမ် စွဲမြဲစွာဆောက်တည်ခြင်း၊ ဇကာသ်ယူထိုက်သူများကို ဇကာသ်ပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂ်ျ ဖရ်ဿွ်တာဝန်ကို ကျေပွန်ခြင်းစသည်တို့ကို ဖြေကြားတော်မူခဲ့သည်။

ထိုအခါ မေးမြန်းသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့သည်။ မေးခွန်းမေးမြန်းခြင်းကို ကြည့်ခြင်းအားဖြင့် သူမသိကြောင်း ပေါ်လွင်နေသည့် အကြောင်းအရာတစ်ခုကို သူကိုယ်တိုင်က မှန်ကန်ကြောင်း ပြန်လည်ထောက်ခံသဖြင့် သာဝကကြီးများက အံ့ဩခဲ့ကြသည်။

ထို့နောက် အီမာန်ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ကိုယ်တော်က သူ့အား အီမာန်ဟူသည် အလ္လာဟ်အရှင်မြတ်တည်ရှိတော်မူခြင်းနှင့် အရှင်မြတ်၏ဂုဏ်တော်များကို လည်းကောင်း၊ အရှင်မြတ်သည် ဖန်ဆင်းခြင်းကဲ့သို့ မိမိ၏ဆောင်ရွက်မှုများတွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းနှင့် ကိုးကွယ်ခံထိုက်ခြင်းတို့တွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က နူရ်ဖြင့်ဖန်ဆင်းထားသည့် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် မြင့်မြတ်သောကျွန်များဖြစ်ကြပြီး၊ အလ္လာဟ်အရှင်မြတ်အား မဖီဆန်ကြဘဲ ထိုအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ရစူလ်တမန်တော်များအပေါ် ကျရောက်ခဲ့သော ကျမ်းဂန်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်၊ သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းနှင့် အခြားကျမ်းဂန်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အရှင်မြတ်၏သာသနာကို ပို့ချခဲ့ကြသည့် ရစူလ်တမန်တော်များဖြစ်သော နူးဟ်(အလိုင်းဟိစ္စလာမ်)၊ အိဗ်ရာဟီးမ်(အလိုင်းဟိစ္စလာမ်) မူဆာ(အလိုင်းဟိစ္စလာမ်)၊ အီဆာ(အလိုင်းဟိစ္စလာမ်)၊ နောက်ဆုံးနဗီတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အခြားသောနဗီရစူလ်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယင်း၌သေပြီးနောက် ကဗရ်၌ ကြုံ‌တွေ့ရမည့်အရာများ၊ ‘ဗရ်ဇခ်’ ကြားစခန်း၏သက်တမ်းတို့ ပါဝင်သည်။ လူသားသည် သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထရပြီး စာရင်းအင်း စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာသည် ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ဖြစ်သည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကိုမိမိ‘အိလ်မ်’အသိပညာဖြင့် ကြိုတင်သိရှိတော်မူပြီး ထိုသို့သိရှိသည့်အတိုင်း မိမိ ‘ဟိက်မသ်’ အမြော်အမြင်ဖြင့် သတ်မှတ်ဆုံးဖြတ်ကာ ရေးဆွဲမှတ်တမ်းတင်တော်မူခဲ့သည်။ ‌၎င်းနောက် ထိုအရာများကို ဖြစ်ပေါ်လာစေရန် အလိုတူခဲ့သည်။ ထိုသတ်မှတ်ချက်များသည် အရှင်မြတ် သတ်မှတ်ထားသည့်အတိုင်း အရှင်မြတ်ဖန်ဆင်းလိုက်သည့်အတိုင်း ဖြစ်ပေါ်လာကြောင်းကို အီမာန်သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့နောက် ၎င်းက အိဟ်စာန် နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က အိဟ်စာန်ဟူသည် အလ္လာဟ်အရှင်မြတ်အား မြင်နေသကဲ့သို့မှတ်ယူကာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ဤအဆင့်အတန်းထိမရောက်နိုင်လျှင် အလ္လာဟ်အရှင်မြတ်က မိမိအားမြင်နေသည်ဟုမှတ်ယူကာ ခဝပ်ကိုးကွယ်မှုပြုရမည်။ ပထမအဆင့်သည် ‘မုရှာဟဒဟ်’အဆင့်ဖြစ်ပြီး အမြင့်ဆုံးဖြစ်သည်။ ဒုတိယအဆင့်သည် ‘မုရာကဗဟ်’ဖြစ်သည်။

ထို့နောက် ၎င်းက ‘ကိယာမသ်’ ကမ္ဘာပျက်မည့်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘ကိယာမသ်’‌နေ့နှင့် သက်ဆိုင်သည့် အသိပညာအား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အသိပညာ၌သာ ထားရှိတော်မူပြီး မည်သည့် အဖန်ဆင်းခံမျှ မသိရှိကြောင်းနှင့် မေးမြန်းသူလည်း မသိသလို အမေးခံရသူလည်း မသိကြောင်း ရှင်းပြတော်မူသည်။

ထိုနောက် ၎င်းက ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က ထိုနိမိတ်လက္ခဏာများအနက် ကျွန်မများနှင့် သူမတို့၏ သားသမီးများ များပြားလာခြင်း သို့မဟုတ် သားသမီးများက မိခင်များ၏အမိန့်ကို ဖီဆန်လာကြပြီး ၎င်းတို့အား ကျွန်များကဲ့သို့ ဆက်ဆံလာကြခြင်း၊ နောက်ဆုံးခေတ်သမယ၌ ဆိတ်ကျောင်းသားများနှင့် ဆင်းရဲသားများသည် လောကီ၏ချမ်းသာကြွယ်ဝမှုကို ရရှိလာကြပြီး အဆောက်အဦးများအား လှပတင့်တယ်အောင်ပြုလုပ်ကာ ယင်းအဆောက်အဦးများ၏ ခိုင်မာထည်ဝါမှုအပေါ် အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ပြုလာကြမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ‌တော်မူသည်။

ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မေးခွန်းမေးသူသည် ဂျိဗ်ရီးလ် (အလိုင်းဟိစ္စလာမ်) ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သည့် သာသနာတော်အား ဆွဟာဗဟ်များကို သင်ကြားပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
03

Benefits

တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားအားတင်ပြထားသည်။ ကိုယ်တော်သည်မိမိ၏ အဆ်ွဟာဗ်တော်များနှင့်အတူ ထိုင်လေ့ရှိပြီး အဆ်ွဟာဗ်တော်များကလည်း ကိုယ်တော်ထံထိုင်ကြသည်။
စိတ်ကျဉ်းကျပ်ခြင်း၊ ကြောက်ရွံ့ခြင်းတို့မရှိဘဲ မေးခွန်များ မေးမြန်းနိုင်ရန်အတွက် မေးမြန်းသူအား နီးနီးကပ်ကပ်ရှိစေပြီး နူးညံ့စွာဆက်ဆံရမည်။
ဆရာအပေါ်ထားရှိရမည့် ကျင့်ဝတ်သည် ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်) လုပ်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ထံမှ သင်ယူဆည်းပူးရန်အတွက် ကိုယ်တော်၏ရှေ့မှောက်တွင် ရိုသေစွာထိုင်ခဲ့သည်။
အစ္စလာမ်၏မဏ္ဍိုင်သည် ငါးခုရှိပြီး၊ အီမာန်၏ အခြေအမြစ်တရားသည် ခြောက်ပါးရှိသည်။
အီမာန်နှင့် အစ္စလာမ်အား တွဲသုံးထားလျှင် အစ္စလာမ်သည် အပြင်ပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်ပြီး အီမာန်သည် အတွင်းပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်သည်။
သာသနာတော်တွင် မတူညီသော အဆင့်အတန်းများရှိသည် ပထမအဆင့်မှာ အစ္စလာမ်ဖြစ်ပြီး ဒုတိယအဆင့်မှာ အီမာန်ဖြစ်သည်။ တတိယအဆင့်မှာ အိဟ်စာန်ဖြစ်ပြီး ၎င်းသည် အမြင့်ဆုံးအဆင့်ဖြစ်သည်။
လူတစ်ဦး မေးမြန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မသိနားမလည်သည့်အတွက်ဖြစ်သည်။ မသိနားမလည်ခြင်းကပင် မေးခွန်းမေးရန် တွန်းအားပေးခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)က သူကိုယ်တိုင်မေးပြီး သူကိုယ်တိုင်ပြန်ထောက်ခံနေသည့်အတွက် ဆွဟာဗဟ်များ အံ့ဩခဲ့ကြခြင်းဖြစ်သည်။
အရေးကြီးဆုံးအရာဖြင့် စတင်ပြီး တဆင့်ပြီးတဆင့် အရေးကြီးသောအရာများကို တင်ပြရမည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်သည် အစ္စလာမ်အား ရှင်းပြသည့်အခါ သက်သေခံခြင်းနှစ်ခုဖြင့် စတင်ခဲ့ပြီး အီမာန်ယုံကြည်မှုကို ရှင်းပြသည့်အခါ အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းဖြင့် စတင်ထားသည်။
အခြားသူကို သင်ကြားပေးရန်အတွက် မေးခွန်းမေးမြန်းသူသည် မိမိသိပြီးသားအရာကို ပညာရှင်တစ်ယောက်အား မေးမြန်းခွင့်ရှိသည်။
(ကိယာမသ်) ရှင်ပြန်ထမည့်နေ့၏ အသိပညာကို အလ္လာဟ်အရှင်မြတ်က မိမိ၏ အသိပညာ၌သာ ထားရှိသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...