افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4498[صحيح]
HadeethEnc · 1.34.0

အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆဲဟ်ရီစားသုံးရန် တိုက်‌တွန်းတော်မူခဲ့သည်။ ဆဟူးရ် ဆိုသည်မှာ ဆောင်မ်ဥပုသ်စောင့်ထိန်းရန်အတွက် ပြင်ဆင်သည့်အ‌နေဖြင့် ည၏ နောက်ဆုံးအချိန်၌ စားသောက်ခြင်းကို ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားသုံးခြင်း၌ များပြားလှစွာသောကောင်းကျိုးများ၊ ည၏ နောက်ဆုံးအချိန်တွင် ဝတ်ပြုဆုတောင်းရန် နိုးထရခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းရန် အင်အားရရှိခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို လန်းဆန်းတက်ကြွစွာဆောင်ရွက်နိုင်ခြင်းနှင့် ဆောင်မ်ဥပုသ်၏ ခက်ခဲမှုကို လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပါဝင်သောကြောင့် ဖြစ်သည်။
03

Benefits

၁။ ဆဲဟ်ရီစားသုံးခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ ဆဲဟ်ရီစားသုံးခြင်းဖြင့် သာသနာ့အမိန့်ကို လိုက်နာခြင်း။
၂။ အစ်ဗ်နုဟဂျရ်က "ဖတ်ဟုလ်ဘာရီ" ကျမ်းတွင် ဤသို့ဆိုထားပါသည်- ဆဲဟ်ရီစားသုံးခြင်းတွင် ဗရ်ကသ်မင်္ဂလာသည် အကြောင်းအမျိုးမျိုးမှ ရရှိသည်။ ၎င်းတို့မှာ- စွန္နတ်ကို လိုက်နာခြင်း၊ အဟ်လေကိသာဗ် (ဂျူး၊ ခရစ်ယာန်) တို့နှင့် ဆန့်ကျင်ဘက်ပြုလုပ်ခြင်း၊ ဆဲဟ်ရီစားသုံးခြင်းဖြင့် အေဗာဒသ်ခဝပ်ကိုးကွယ်မှုအတွက် အင်အားရရှိခြင်း၊ လန်းဆန်းတက်ကြွမှု တိုးပွားခြင်း၊ ဆာလောင်မွတ်သိပ်မှုကြောင့်ဖြစ်သော မကောင်းသည့် အကျင့်စာရိတ္တကို တားဆီးနိုင်ခြင်း၊ ထို(ဆဲဟ်ရီ)အချိန်တွင် တောင်းခံသူအား သို့မဟုတ် အတူစားသောက်သူအား ထောက်ပံ့ကူညီရန် အခွင့်အရေးရခြင်း၊ ဒုအာကဗူလ်ဖြစ်သည့်အချိန်တွင် အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းနှင့် ဒုအာဆုတောင်းနိုင်ခြင်း၊ အိပ်ရာမဝင်မီ ဆောင်မ်ဥပုသ်၏ နီယသ်ပြုလုပ်ရန် မေ့လျော့ခဲ့သူအတွက် ထိုနိယသ်ကို ဖြည့်စွက်ပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။
၃။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမွန်သည့် သင်ကြားမှု။ အဘယ်ကြောင့်ဆိုသော် တရားတော်လာအမိန့်တော်ကို ဟိက်မသ်ဉာဏ်ပညာဖြင့် တွဲဖက်သင်ကြားပေးခြင်းဖြင့် စိတ်နှလုံးအေးချမ်းမှုရစေပြီး ရှရီအသ်တရားတော်၏ မြင့်မြတ်မှုကို သိရှိနားလည်စေပါသည်။
၄။ အစ်ဗ်နုဟဂျရ်က ဤသို့ဆိုသည်- လူတစ်ဦးသည် စားသောက်ဖွယ်ရာအနည်းငယ်ကို စားသောက်လိုက်ရုံဖြင့် ဆဲဟ်ရီစားခြင်း အထမြောက်သွားသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...