افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4438[صحيح]
HadeethEnc · 1.34.0

လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလာမ်) မိန့်ကြားတော်မူခဲ့သည်မှာ လူတို့သည် နေဝင်ပြီဟု သေချာသည်နှင့်တပြိုင်နက် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။ ဤသည် စွန္နသ်တော်အတိုင်း လိုက်နာကျင့်သုံးခြင်းနှင့် ၎င်း၏သတ်မှတ်ထားသောအကန့်အသတ်များအတွင်း နေထိုင်ခြင်းကြောင့်ဖြစ်သည်။
03

Benefits

အိမာမ်နဝဝီက ဆိုသည်မှာ- ဤဟဒီးဆ်၌ နေဝင်ပြီဟု သေချာသောအခါ အိဖ်သာရီဝါ‌ဖြေခြင်းကို အချိန်မဆိုင်းဘဲ အစောတလျင်ပြုလုပ်ရန် တိုက်တွန်းထားသည်။ ဟဒီးဆ်တော်၏အလိုသဘောမှာ ကျွန်ုပ်တို့အွမ္မသ်သားများသည် ဤစွန္နသ်တော်ကို စွဲမြဲစွာ လိုက်နာနေသရွေ့ ၎င်းတို့၏ကိစ္စရပ်များသည် စနစ်တကျဖြစ်နေမည်ဖြစ်ပြီး ကောင်းကျိုးများ ရရှိနေမည်ဖြစ်သည်။ အိဖ်သာရီဝါ‌ဖြေခြင်းကို နှောင့်နှေးစေခြင်းမှာ ၎င်းတို့သည် ပျက်စီးရာလမ်းကြောင်းပေါ် ကျရောက်တော့မည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
စွန္နသ်တော် အတိုင်းလိုက်နာခြင်းကြောင့် လူတို့တွင်ရှိသော ကောင်းကျိုးများဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အရာရာပျက်စီးယိုယွင်းခြင်းသည် စွန္နသ်တော်များ ပြုပြင်ပြောင်းလဲခြင်းနှင့် ဆက်စပ်နေသည်။
အဲဟ်လေကိသားဗ် (ရဟူးဒ်၊ နစွာရာ) များနှင့် ဗိဒ်အသီတရားသစ်တီထွင်သူတို့နှင့် ကွဲလွဲဆန့်ကျင်ခြင်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အိဖ်သာရီဝါဖြေခြင်းကို နောက်ကျစွာ ပြုလုပ်ကြသောကြောင့်ဖြစ်သည်။
အိဗ်နုဟဂျ်က ဤဟဒီးဆ်၌ အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်ရခြင်း၏ အကြောင်းရင်းကို ရှင်းပြထားသည်ဟု ဆိုသည်။ အလ်မုဟလ်လဗ် က ဆိုသည်မှာ- ထိုသို့ပြုလုပ်ရခြင်း၏ ဟိက်မသ် (ဉာဏ်ပညာဆိုင်ရာ အကြောင်းရင်း) မှာ နေ့အချိန်ထဲသို့ ညအချိန်မှ အပိုထည့်သွင်းခြင်း မပြုလုပ်စေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရိုဇာထားသူအတွက် ပိုမိုလွယ်ကူစေပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုအတွက် ပိုမိုအားကောင်းစေသည်။ ပညာရှင်များက မျက်မြင်တွေ့ရှိခြင်း (သို့မဟုတ်) ကိုယ်ကျင့်တရားကောင်းမွန်သော သက်သေနှစ်ဦး၏ အသိပေးချက်ဖြင့် နေဝင်ချိန်သေချာပြီးချိန်တွင် (အမြန်ဆုံး ရိုဇာဖြေရန်) သဘောတူညီခဲ့ကြသည်။ ပိုမိုခိုင်လုံသော အမြင်အရ ကိုယ်ကျင့် တရားကောင်းမွန် သော သက်သေတစ်ဦး၏ အသိပေးချက်သည်လည်း လုံလောက်သည်။
အိဗ်နုဟဂျ်ကဆိုသည်။ သတိပေးချက် - ယနေ့ခေတ်တွင် ဖြစ်ပေါ်နေသော အလွန်မှားယွင်းသည့် ဗိဒ်အသ်တစ်ခုမှာ ရမဿွာန်လတွင် ဖဂျရ်အချိန် မိနစ်၂၀ခန့် အလိုတွင် ဒုတိယအဇာန်ကို ကြိုတင်ပေးပြီး ရိုဇာထားလိုသူများအတွက် အစားအသောက် စားသောက်ခြင်းတားမြစ်ပြီဖြစ်ကြောင်း ပြသရန် မီးများကို ပိတ်ပစ်ခြင်းဖြစ်သည်။ ဤဗိဒ်အသ်ဓလေ့သစ်ကို တီထွင်သူများက ဤသည် အိဗာဒသ်ခဝပ်ကိုးကွယ်မှုတွင် ပိုမိုသေချာ‌စေရန် သတိထားသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသော ယူဆချက်အပေါ် အခြေခံထားသည်။ သို့ရာတွင် လူအများက ဤအကြောင်းကို မသိရှိကြပေ။ ထိုသို့ပြုလုပ်ခြင်းကြောင့် ၎င်းတို့သည် အချိန်ကို ပိုမိုရရှိစေရန် (ဟု သူတို့ယူဆသည့်အတိုင်း) နေဝင်ပြီးမှသာ အဇာန်ဆိုသည့် အကျင့်ဖြစ်သွားပြီး အိဖ်သာရီဝါဖြေခြင်းကို နောက်ဆိုင်းကာ ဆဲဟ်ရီကို စောစီးစွာ စားသောက်ကြသည်။ ထိုသို့ဖြင့် စွန္နသ်တော်နှင့် ဆန့်ကျင်ဘက် ပြုလုပ်လာကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ကောင်းကျိုးများ နည်းပါးလာပြီး ဆိုးကျိုးများ များပြားလာခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည်သာ ကူညီ‌စောင်မတော်မူသော အရှင်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...