افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3762[صحيح]
HadeethEnc · 1.34.0

- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အပါးတော်၌ ကျွန်ုပ်တို့ ရှိနေကြစဉ် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား။"
ထိုအခါ ကိုယ်တော်မြတ်၏ (ထိုင်ဝိုင်းတွင်)ထိုင်နေသူများထဲမှတစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်မှာ- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ရယူနိုင်မည်နည်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- သူသည် "سبحان الله" 'စူဗ်ဟာနလ္လာဟ်' အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည် သို့မဟုတ် သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ်ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူဖို့ မတတ်စွမ်းနိုင်ကျဘူးလား။ ထိုအခါ ကိုယ်တော်မြတ်၏အပါးတော်၌ ထိုင်နေကြသူများထဲမှ တစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် တစ်ရက်မှာ ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ လွယ်လွယ်ကူကူ ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- သူသည် 'စူဗ်ဟာနလ္လာဟ်' (အလ္လာဟ်အရှင်မြတ် ပကတိစင်ကြယ်မြင့်မြတ်တော်မူကြောင်း) ကို အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည်။ အဘယ်
ကြောင့်ဆိုသော် ကောင်းမှုတစ်ခုသည် အဆဆယ်ဆ ရှိသောကြောင့်တည်း။ သို့တည်းမဟုတ် သူ့မှ အပြစ်ပေါင်း တစ်ထောင်ကို ပယ်ဖျက်ပေးခြင်း ခံရမည် ဖြစ်သည်။
03

Benefits

ဖဿွာအိလ် ( အကျိုးကုသိုလ်များပြားသော အမလ်ကျင့်ဆောင်မှု )များကို အားပေးတိုက်တွန်းထားခြင်း- အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အမိန့်နာခံမှုများဆီသို့ ရောက်ရှိ‌စေသော လှေကားဖြစ်သောကြောင့်တည်း။
"စူဗ်ဟာနလ္လာဟ်" ရွတ်ဆိုခြင်းနှင့် ဇိကိရ် (အလ္လာဟ်အရှင်မြတ်အား သတိရတသမှု) ပြုခြင်း၏ အကျိုးကျေးဇူးမှာ - လူသားအား မည်သည့် ဝန်တစ်ခုမျှ မပိစေသည့်ဤမျှလွယ်ကူသော အမလ်ကို ဆောင်ရွက်ခြင်းအားဖြင့် ကြီးမားသော အကျိုးဆုလာဘ်ကို ရရှိနိုင်ခြင်းဖြစ်သည်။
ဆွဟာဗဟ်တို့၏ ကောင်းမှုကုသိုလ်များ ဆောင်ရွက်ရန် နောက်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန် ကြိုးပမ်းဆောင်ရွက်ခြင်း။
ကောင်းမှုကုသိုလ်များ ဆယ်ဆ တိုး၍ချီးမြှင့်ပေးခံရခြင်း- ဤသည်ကို အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော် "မည်သူမဆို ကောင်းမှုတစ်ခုယူဆောင်လာခဲ့လျှင် သူ့အတွက် ယင်းကောင်းမှု၏ အဆဆယ်ဆရှိသော အကျိုးဆုလာဘ်ရှိ၏" (စူရာဟ် အန်အားမ် ၆:၁၆၀) ဟူ၍ မိန့်ဆိုထားတော်မူသည်။ ဤသည်မှာ အကျိုးဆုလာဘ် တိုးမြှင့်ပေးခြင်း၏ အနည်းဆုံးအဆင့်သာဖြစ်ပြီး အခြားသော ဟဒီးဆ်တော်များတွင် အဆခုနှစ်ရာအထိ တိုး၍ချီးမြှင့်ပေးတော်မူကြောင်း ဖော်ပြထားသည်။
အချို့သော ဆင့်ပြန်ချက်များတွင် “သို့မဟုတ် သူ၏အပြစ်အကုသိုလ် တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်” ဟူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်တွင် "သို့မဟုတ်" ဟူသော စကားလုံးအစား "နှင့်" ဟူသော စကားလုံးလာရှိသည်။ မွလ္လာအလီကာရီက ရှင်းပြသည်မှာ "و " (နှင့်) ဆိုသော စကားလုံးသည် " أو" (သို့မဟုတ်) ၏ အဓိပ္ပာယ်ကို ဆောင်နိုင်သောကြောင့် ဆင့်ပြန်ချက်နှစ်ခုကြားတွင် ဆန့်ကျင်မှုမရှိပါ။ ဆိုလိုသည်မှာ မည်သူမဆို ထို“သတ်စ်ဗီဟ်” ကို ရွတ်ဆိုပါက သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည်။ အကယ်၍ သူ့အပေါ်တွင် အပြစ်များရှိပါက အချို့အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီး အချို့ကောင်းမှုများ ရရှိမည်ဖြစ်သည်။ သို့မဟုတ် "أو " (သို့မဟုတ်) ဆိုသော စကားလုံးသည် "و " (နှင့်) ၏ အဓိပ္ပာယ် သို့မဟုတ် "بل " (ထိုထက်ပို၍) ၏ အဓိပ္ပာယ်ကို ဆောင်နိုင်သည်။ ထိုသို့ဆိုလျှင် ကောင်းမှုရရှိခြင်းနှင့် အပြစ်များခွင့်လွှတ်ခြင်း နှစ်မျိုးလုံးကို စုစည်းရရှိမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ထို့ထက်ပင် ကျယ်ပြန့်မြင့်မြတ်လှပေသည်။ တစ်နည်း သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရပြီး၊ သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည် ဟု ဆိုလိုခြင်းဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...