အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။
Choose an available translation of this Hadeeth
Hadeeth text
ဇိုက်ဒ်ဗင်န်ခါလိဒ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။
Explanation
မည်သူမဆို ဂါဇီ (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ) တစ်ဦး၏ မိသားစုအား သူမရှိသောကာလတွင် ကောင်းစွာစောင့်ရှောက်ပြီး သူ၏ကိုယ်စားရပ်တည်ပေးပါက ဤသို့စောင့်ရှောက်ပေးသူသည်လည်း ဂါဇီ(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ)၏ကုသိုလ်ကို ရရှိပေမည်။
Benefits
အိဗ်နုဟဂျရ်(ရဟိမဟုလ္လာဟ်)က ပြောသည်မှာ ဤဟဒီးဆ်တော်သည် မွတ်စ်လင်မ်များအတွက် ကောင်းကျိုးရှိရန်အလုပ်တစ်ခုခုကို လုပ်ဆောင်ပေးသူ၊ သို့မဟုတ် မွတ်စ်လင်မ်တို့၏ အရေးကြီးသောကိစ္စများကို ဆောင်ရွက်ပေးသူအား အကောင်းပြုကြရန် တိုက်တွန်းသည်။
ယေဘုယျ စည်းမျဥ်း။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏အမိန့်နာခံရန်အခြားသူတစ်ဦးအား ကူညီပေးပါက၊ ထိုကူညီသူသည် ယင်းအမိန့်နာခံသူရရှိမည့် အကျိုးဆုလာဘ်နှင့် တူညီသော အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်ပြီး ယင်းအမိန့်နာခံသူသည်လည်း မိမိ၏ရရှိမည့်အကျိုးဆုလာဘ်မှ အနည်းငယ်မျှ လျော့ပါးသွားမည် မဟုတ်ပေ။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

