အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသော အာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။
Choose an available translation of this Hadeeth
Hadeeth text
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသောအာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။ ၎င်းတို့သေဆုံးကွယ်လွန်သွားကြသောအခါ ရှိုင်သွာန်က ထိုသူတော်စင်ကြီးများ၏ မျိုးနွယ်များဆီသို့ ရောက်လာပြီး အသင်တို့သည် ၎င်းတို့ ထိုင်ခဲ့ကြသော နေရာများ၌ ရုပ်တုဆင်းတုများ ထုလုပ်ပြီး ထိုရုပ်တုများအား ၎င်းတို့၏ အမည်ဖြင့် အမည်ပေးကြလော့ဟု ပြောကြားရာ ၎င်းတို့ကလည်း ဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်ထိ ၎င်းရုပ်တုများသည် ကိုးကွယ်ခြင်းမခံရသေးပေ။ တစ်ဖန် ယင်းသူတို့ သေဆုံးကွယ်လွန်သွားကြပြီး စစ်မှန်သည့် သာသနာ့ပညာလည်း မေ့ပျောက်သွားသောအခါ (နောင်လာနောက်သားတို့ခေတ်တွင်) ထိုရုပ်တုများသည် ကိုးကွယ်ခြင်းခံရလေသည်။
Explanation
Benefits
ဓါတ်ပုံများရိုက်ကူးခြင်းနှင့် ရုပ်ပုံများချိတ်ဆွဲခြင်းတို့မှ သတိပေးတားမြစ်ထားသည်။ အထူးသဖြင့် အကြီးအကဲများ၏ ရုပ်ပုံများကို ချိတ်ဆွဲခြင်းအား သတိပေးတားမြစ်ထားသည်။
ရှိုင်သွာန်၏ လှည့်ဖြားမှုနှင့် ၎င်းသည် လမ်းမှားမှုကို အမှန်တရားပုံစံမျိုးဖြင့် တင်ပြကြောင်း သတိပေးထားသည်။
ဗိဒ်အသ် တရားသစ်တီထွင်မှုများအား ပြုလုပ်သူ၏ ရည်ရွယ်ချက်သည် ကောင်းမွန်နေလျှင်လည်း ၎င်းတို့မှ ရှောင်ကြဉ်ရန် သတိပေးထားသည်။
ဓါတ်ပုံရိုက်ကူးခြင်းသည် (ရှိရ်က်)ဖက်စပ်ကိုးကွယ်ခြင်းဘက်သို့ ပို့ဆောင်ပေးသော အကြောင်းခံများအနက်မှ ဖြစ်သည်။ ထို့ကြောင့် သက်ရှိများအား ရိုက်ကူးခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးပေသည်။
အိလ်မ်အသိပညာရှိခြင်း၏ တန်ဖိုးနှင့် အသိပညာမရှိခြင်း၏ ဆိုးကျိုးကို သိရှိရသည်။
အသိပညာ ပျောက်ကွယ်ရခြင်း၏ အကြောင်းရင်းသည် ပညာရှင်များ ကွယ်လွန်သွားခြင်းကြောင့် ဖြစ်သည်။
မျက်စိစုံမှိတ် နောက်လိုက်မှုပြုခြင်းမှ သတိပေးတားမြစ်ထားသည်၊ အမှန်တကယ်ပင် ထိုသို့နောက်လိုက်မှုပြုခြင်းသည် တစ်ခါတစ်ရံ ယင်းနောက်လိုက်သူအား အစ္စလာ့မ်ဘောင်အပြင်သို့ ရောက်စေသည်။
ရှိရ်က်ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသည် လွန်လေပြီးသော အွမ္မသ်သားများတွင် ရှိခဲ့သည်။
တင်ပြထားသော အမည်ငါးခုသည် နူးဟ်(အလိုင်ဟိစ္စလာမ်)၏ နောက်လိုက်သားများ၏ ကိုးကွယ်ရာများ အနက်မှဖြစ်ကြသည်။
လမ်းမှားနေသူများသည် မိမိတို့၏လမ်းမှားမှုအပေါ် အချင်းချင်း ကူညီရိုင်းပင်းကြကြောင်း တင်ပြထားသည်။
ကာဖိရ်အားလုံးကို ခြုံငုံ၍ မကောင်း ဆုတောင်းခွင့်ရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

