ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။
အစ်ဗ်နု အဇ်ဟရ် သူကောင်းပြုခဲ့ သော အဗူအိုဗိုင်းဒ်က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ…

