“သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။” ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် ပုဂ္ဂိုလ်တစ်ဦးက “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဆွေမျိုးအချို့ရှိပါပြီး၊ ကျွန်တော်မျိုးသည် ၎င်းတို့နှင့် ဆွေးမျိုးသားချင်း အဆက်အသွယ်ထားသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ဆက်ဆံမှုဖြတ်တောက်ပါသည်။ က…

