- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလီဗင်န်အဘီသွာလစ်ဗ် (ရဿွယလ္လာဟုအန်ဟု) သည် ယီမင်နိုင်ငံမှ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ မသန့်စင်ရသေးသော ရွှေတုံးတချို့ကို နယ်ပြီးသားသားရေဖြင့်ပြုလုပ်ထားသော အိတ်တစ်လုံးတွင် ထည့်ပြီ…

