အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
Explanation
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကမ္ဘာမြေပထဝီ၌ရှိသော လူသားများ၊ တိရစ္ဆာန်များ၊ ငှက်များနှင့် အခြားအဖန်ဆင်းခံများကို သနားကြင်နာရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ သနားကြင်နာမှု၏အစားမှာ မိုးကောင်းကင်ထက်တွင်ရှိသော အလ္လာဟ်အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူမည်ဖြစ်သည်။
Benefits
အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ရှင် ဖြစ်တော်မူသည်။ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်သည် မိမိ၏ ဗန္ဒာကျေးကျွန်များကို မပြတ်မစဲ သနားညှာတာတော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင်ဖြစ်တော်မူသည်။
လုပ်ရပ် အမျိုးအစားနှင့်အညီ အစားရလဒ် ရရှိမည်ဖြစ်သည်။ သို့ဖြစ်၍ သနားကြင်နာမှုရှိသူများကို အလ္လာဟ်အရှင်မြတ်က သနားကြင်နာတော်မူမည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

