HadeethEnc · 1.34.0
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
ကိုက်စ်ဗင်န်အာဆွိမ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
02
Explanation
ကိုင်စ်ဗင်န်အာဆွိမ်သည် အစ္စလာမ်သာသနာကိုလက်ခံရန် ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား ရေနှင့် ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆီးရွက်သည် ရနံ့ကောင်းသည့်အတွက် သန့်ရှင်းစင်ကြယ်မှုပြုရာတွင် သုံးစွဲသော အရွက်ဖြစ်သည်။
03
Benefits
ဘာသာခြားတစ်ဦးသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်သည့်အခါ ရေချိုးရန် သတ်မှတ်ထားသည်။
အစ္စလာမ်သာသနာ၏မွန်မြတ်မှုနှင့် အစ္စလာမ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို အလေးထားကြောင်း ဖော်ပြထားသည်။
ရေသည် သန့်ရှင်းသည့် အရာများနှင့် ရောနှောသွားခြင်းဖြင့် ၎င်း၏သန့်ရှင်းစင်ကြယ်နိုင်စွမ်း မပျောက်ပျက်သွားပေ။
ဆီးရွက်အစား ဆပ်ပြာနှင့် အခြားခေတ်ပေါ် သန့်ရှင်းရေးသုံးပစ္စည်းများကို သုံးစွဲနိုင်သည်။

Attribution
[رواه أبو داود والترمذي والنسائي]
Categories
Share
Share hadeeth
Sharing options · 0 Total shares