လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။
Choose an available translation of this Hadeeth
Hadeeth text
ကသာဒဟ်(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်တော်တို့အားဆင့်ပြန် ပြောကြားခဲ့သည်။ လူတစ်ဦးက ကိုယ်တော့်အား အို - အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။ ကသာဒဟ်ကပြောသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်သိက္ခာကို တိုင်တည်ပါသည်။ အမှန်ပင်စွမ်းဆောင်နိုင်တော်မူ၏။
Explanation
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

