အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
Choose an available translation of this Hadeeth
Hadeeth text
အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
Explanation
Benefits
‘အာယသုလ်ကုရ်စီ’သည် ကုရ်အာန်ကျမ်းတော်မြတ်တွင် အကြီးမြတ်ဆုံးအာယသ်တော်ဖြစ်သည့်အတွက် ၎င်းကိုအလွတ်ကျက်မှတ်ကာ အဓိပ္ပါယ်များကိုစဉ်းစားဆင်ခြင်ပြီး အမလ်ကျင့်သုံးရန် အရေးကြီးပေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

