ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
Explanation
Benefits
ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူခြင်းဟူသည်ဖတ်ရွတ်ခြင်း၊ အလွတ်ကျက်မှတ်ခြင်း သက်သက်သာ မဟုတ်ဘဲ ကုရ်အာန်ကျမ်းတော်မြတ်၌ပါရှိသည့် အသိပညာများကို သင်ယူခြင်း ၎င်းတို့အပေါ်လက်တွေ့လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။
ပြောဆိုခြင်း၊ အမလ်ကျင့်သုံးခြင်းမတိုင်မီ ‘အိလ်မ်’အသိပညာရှိရမည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

