အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။
Explanation
Benefits
ကောင်းမြတ်သည့်အကျင့်သီလများသည် ပျက်စီးသွားမည့် လောကီဥစ္စာပစ္စည်းများထက် ပို၍ ကောင်းမြတ်ပြီး အမြဲကျန်ရှိနေမည့်အရာဖြစ်သည်။
ဤထွတ်မြတ်မှုသည် အာယာသ်တော်သုံးပိုဒ်ဖတ်ရွတ်ခြင်းဖြင့်သာ သီးသန့်ကန့်သတ်ထားခြင်းမဟုတ်ပါ။ ဆွလာသ်ဆောက်တည်သူသည် မိမိ၏ဆွလာသ်အတွင်း အာယသ်တော်များ ပိုဖတ်လေလေ ထိုသူ၏ အကျိုးကုလိုလ်သည်လည်း ၎င်းဖတ်ရွတ်လိုက်သည့် အာယသ်အရေအတွက်နှင့်အညီ ကုလားအုတ်မများ ရရှိခြင်းထက် ပို၍သာမြတ်မည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

